မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြုလုပ်

 နေပြည်တော်   ၊သြဂုတ် ၄                                                                                

          မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို (၃.၈.၂၀၁၇)ရက်နေ့၊

နံနက်ပိုင်းကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌

ကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့်ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ်စတင် တာဝန်ယူကတည်းက လူငယ့်ရေးရာ မူဝါဒပေါ်ထွက်

လာစေရေး မိမိတို့အနေဖြင့်ရက်(၁၀၀)စီမံချက်တွင်ထည့်သွင်းအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါကြောင်း

၊မူဝါဒပေါ်ထွန်းလာစေရေးအတွက်မူကြမ်းရေးဆွဲရေးကော်မတီ၊လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီများ

ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊လက်တွေ့ကျပြီးအကျိုးဖြစ်ထွန်းသောမူဝါဒဖြစ်ရေးလူငယ်များ

ကိုယ်တိုင်ရေးဆွဲစေခဲ့ပြီးမူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်များကို ဗဟိုကော်မတီက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ

ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့သည် ပြည်သူအကျိုး၊ လူငယ်များအကျိုးကို ဆောင်ရွက်မည့် ပြည်သူအစိုး

ရဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ့အတွက်ရာနှုန်းပြည့် တာဝန်ယူရ

သော်လည်း ရာနှုန်းပြည့်လုပ်ကိုင်နိုင်ရေးအတွက်ကို ပေါင်းစပ်ဆောင်ရွက်မှုပြုရမှာ ဖြစ်ကြောင်း၊

မူဝါဒပေါ်ထွန်းလာပြီးနောက်

အလွှာအသီးသီးက လူငယ်များပါဝင်နိုင်သည့် ရှေ့လုပ်ငန်း စဉ်များ၊ မဟာဗျူဟာများကို ဖော်ဆောင်

သွားရမှာဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လူငယ်တစ်ဦးချင်းစီက အသိနဲ့ပါဝင်ဆောင်ရွက်ရန်

လိုအပ်ပါ ကြောင်း၊ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ယခုနှစ်နိုဝင်ဘာလအတွင်း ကျင်းပရန် စီစဉ်ဆောင်ရွက်

လျက်ရှိပါကြောင်း၊ အပြောင်းအလဲကို ဆောင်ရွက်ရာတွင် အကျိုးရှိသော အပြောင်းအလဲ ဖြစ်ဖို့ လိုအပ်ပါကြောင်း၊

မူဝါဒကို လက်တွေ့အသုံးချနိုင်ဖို့လိုအပ်ကြောင်းနှင့် တစ်ကြိမ်တည်း ဖြင့် တစ်သက်တာ

အတွက် အကောင်းဆုံးရေးဆွဲရန် မဖြစ်နိုင်ကြောင်း၊ လိုအပ်လျှင် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်သွားနိုင်ကြောင်း၊

လူငယ်မူဝါဒရေးဆွဲရန် လုံလောက်သော အချိန်ရရှိပြီးဖြစ်၍  လူငယ်မူဝါဒ အမြန်ဆုံး ပေါ်ထွန်းလာစေရေး

ဝိုင်းဝန်းဆွေးနွေးပေး ကြပါရန် ပြောကြားခဲ့ပါသည်။

          ယင်းနောက်လူငယ်မူဝါဒရေးဆွဲရေးနည်းပညာအကြံပေးပုဂ္ဂိုလ်ကလူငယ်မူဝါဒတတိယ

မူဘောင်ကြမ်းနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဌာနဆိုင်ရာများမှ

ပေးပို့လာသော သဘောထားအကြံပြုချက်များနှင့် ရေးဆွဲထားသည့် လူငယ်မူဝါဒကို တစ်ပုဒ်ခြင်း ဖတ်ကြား

ရှင်းလင်း တင်ပြရာ တက်ရောက် လာသည့် ဗဟိုကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

 

 

FacebookTwitter