ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

 နေပြည်တော်၊စက်တင်ဘာ ၁၁

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ Red Cross Movement မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် မောင်တောဒေသARSA အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘေးသင့်ပြည်သူများ အား ထိရောက်မြန်ဆန်သည့် ထောက်ပံ့ကူညီမှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို(၇.၉.၂၀၁၇)ရက်နေ့၊ ညနေပိုင်းက အဆိုပါ ဝန်ကြီးရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကမောင်တောဒေသဖြစ်စဉ်များကြောင့်ခေတ္တနေရပ်စွန့်ခွာပြည်သူများအားလုံးအတွက် ထောက်ပံ့မှုများအမြန်ဆုံးရောက်ရှိရေးအတွက်ဆောင်ရွက်လျက် ရှိရာ အစိုးရဦးဆောင်မှုဖြင့် Red Cross Movement အဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လတ်တလောအဓိကလိုအပ်သည့် ထောက်ပံ့ပစ္စည်းများ လူမှုရေး၊ ကျန်းမာရေး၊ပညာရေးဆိုင်ရာလိုအပ်ချက်များအားသိရှိအောင်ကြိုးပမ်းပြီးအမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်အကောင်းဆုံးနည်းလမ်းများဖော်ထုတ်ပြီးပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ယခုလိုဆွေးနွေးညှိနှိုင်း ရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ Red Cross Movementအနေဖြင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်စီစဉ်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြပါသည်။

အစည်းအဝေးတွင် ကြက်ခြေနီလှုပ်ရှားမှုမှ စေတနာဝန်ထမ်းများအား လုံခြုံရေး ဆောင်ရွက်ပေးရေး၊ Cash Transfer & Relief Assistance ဆောင်ရွက်ရာတွင် အကျိုးခံ စားခွင့်ရှိသူများ မထပ်စေရေး၊ Timeframe ထားရှိပြီး  နေ့စဉ်ဆာင်ရွက်မည့် အစီအစဉ် လျာ ထားရေး၊ Psycho Social  Support လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 နေပြည်တော်၊စက်တင်ဘာ ၁၁

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ Red Cross Movement မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် မောင်တောဒေသARSA အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘေးသင့်ပြည်သူများ အား ထိရောက်မြန်ဆန်သည့် ထောက်ပံ့ကူညီမှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို(၇.၉.၂၀၁၇)ရက်နေ့၊ ညနေပိုင်းက အဆိုပါ ဝန်ကြီးရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကမောင်တောဒေသဖြစ်စဉ်များကြောင့်ခေတ္တနေရပ်စွန့်ခွာပြည်သူများအားလုံးအတွက် ထောက်ပံ့မှုများအမြန်ဆုံးရောက်ရှိရေးအတွက်ဆောင်ရွက်လျက် ရှိရာ အစိုးရဦးဆောင်မှုဖြင့် Red Cross Movement အဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လတ်တလောအဓိကလိုအပ်သည့် ထောက်ပံ့ပစ္စည်းများ လူမှုရေး၊ ကျန်းမာရေး၊ပညာရေးဆိုင်ရာလိုအပ်ချက်များအားသိရှိအောင်ကြိုးပမ်းပြီးအမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်အကောင်းဆုံးနည်းလမ်းများဖော်ထုတ်ပြီးပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ယခုလိုဆွေးနွေးညှိနှိုင်း ရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ Red CrossMovementအနေဖြင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်စီစဉ်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြပါသည်။

အစည်းအဝေးတွင် ကြက်ခြေနီလှုပ်ရှားမှုမှ စေတနာဝန်ထမ်းများအား လုံခြုံရေး ဆောင်ရွက်ပေးရေး၊ Cash Transfer & Relief Assistance ဆောင်ရွက်ရာတွင် အကျိုးခံ စားခွင့်ရှိသူများ မထပ်စေရေး၊ Timeframe ထားရှိပြီး  နေ့စဉ်ဆာင်ရွက်မည့် အစီအစဉ် လျာ ထားရေး၊ Psycho Social  Support လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter