ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E Mr.Keren Divanlioglu က လာရောက်တွေ့ဆုံ

 

နေပြည်တော်၊စက်တင်ဘာ ၁၁

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E Mr. Keren Divanlioglu က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ((၈.၉.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ယင်းသို့တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှု၊ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားသည့်အကြမ်းဖက်မှုများနှင့်စပ်လျဉ်းပြီးပြည်ထောင်စု အစိုးရအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ယူ၍လူသားချင်းစာနာထောက်ထားမှု အခြေခံစည်းမျဉ်းများနှင့်အညီဒုက္ခရောက်သူများအားကူညီနိုင်ရေးအတွက်ဆောင်ရွက်နေမှုအခြေအနေ၊ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု ဆိုင်ရာကူညီပေးရာတွင်ကြက်ခြေနီလှုပ်ရှားမှု(RedCrossMovement)နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေ၊  ၂၀၁၇၊သြဂုတ်လဖြစ်စဉ်တွင်ဒေသခံတိုင်းရင်းသားများအားအစွန်းရောက်အကြမ်းဖက်သမားများမှတိုက်ခိုက်သတ်ဖြတ်မှုများအပေါ်ကမ္ဘာ့မီဒီယာများ တွင်သတင်းမှားများဖေါ်ပြနေမှုများ၊ဝန်ကြီးဌာနကလူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာန(၂)ခုလုံးကကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 

         တူရကီနိုင်ငံသံအမတ်ကြီးမှလည်းတူရကီနိုင်ငံသည်သမိုင်းကြောင်း၊လူမှုဝန်းကျင်၊ရင်ဆိုင်တွေ့ကြုံရသည့်အခက်အခဲများမှာမြန်မာနိုင်ငံနှင့်  များစွာနီးစပ်ပါကြောင်း၊တူရကီနိုင်ငံတွင်ဆီးရီးယားနိုင်ငံမှဒုက္ခသည်သန်းပေါင်းစွာအားလတ်တလောကူညီနေသဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးလိုသည့်အလေ့အထတည်ရှိပါ ကြောင်း၊တူရကီနိုင်ငံအနေဖြင့်သြဂုတ်လအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြားသိရလျှင်ရချင်ပြစ်တင်ရှုံ့ချကြောင်းပထမဆုံးထုတ်ပြန်ခဲ့သည့်နိုင် ငံဖြစ်ပါကြောင်း ၊တူရကီနိုင်ငံအနေဖြင့်အစွန်းရောက်မူဝါဒများကိုလက်မခံပါ ကြောင်း၊ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အထူးသဖြင့် ရခိုင်ပြည်နယ်အရေး ကိစ္စတွင်အပြုသဘောဆောင်မျှတသည့်အမြင်၊ခံယူချက်များကိုသာထားရှိပါကြောင်း၊အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင်ပါဝင်မှုမရှိသည့်အပြစ်မဲ့ အရပ်သားများအားဘာသာလူမျိုးမခွဲခြားဘဲပံ့ပိုးကူညီမှုများဆောင်ရွက်ခြင်းသညအလွန်အရေးကြီးသည်ဟုခံယူပါကြောင်း၊မိမိတို့အနေဖြင့် ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပြီးဆက်လက်၍လည်းကူညီထောက်ပံ့လိုပါကြောင်း၊မိမိတို့နိုင်ငံသမ္မတနှင့်မြန်မာနိုင်ငံနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ဖုန်းဖြင့်ဆက်သွယ်ပြောကြားပြီး နှစ်နိုင်ငံခေါင်းဆောင်ပိုင်းသာမက လုပ်ငန်း အကောင်အထည်ဖေါ်သူများအားလုံး ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ လူသားချင်း စာနာထောက် ထားမှုအကူအညီများကို ဒုက္ခခံစားရသူအားလုံးအား ကူညီပေးရန် စီစဉ်ဆောင်ရွက်နေမှုများအား အသိအမှတ်ပြုကြိုဆိုပါကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြား ဆွေးနွေးခဲ့ပါသည်။

 

FacebookTwitter