ARSAအကြမ်းဖက်သမားများ၏အကြမ်းဖက်လုပ်ရပ်များကြောင့်ထိခိုက်ခံစားခဲ့ရသည့်ဒေသခံလူနည်းစုတိုင်းရင်းသားများ အား တွေ့ဆုံပြီး ၎င်းတို့၏ အကြမ်းဖက်ခံရမှုနှင့်ခံစားချက် စကားသံများအား နားထောင်၍ လိုအပ်ချက်များဖြည့်ဆည်း

 

နေပြည်တော်၊စက်တင်ဘာ ၁၁

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ARSA အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ခံစားရသည့် ဒေသခံလူနည်းစုတိုင်းရင်းသားများ ဖြစ်သော မြိုလူမျိုး ၊ သက်လူမျိုး၊ ဒိုင်းနက်လူမျိုး၊ ခမီးလူမျိုး၊ ရခိုင်လူမျိုးများနှင့်ဟိန္ဒူဘာသာ ကိုးကွယ်သူများအား တွေ့ဆုံ၍ လူနည်းစု တိုင်းရင်းသားများ၏ ခံစားချက်များ၊ စကားသံများအား နားထောင်ခဲ့ပါသည်။

          မြိုတိုင်းရင်းသားများမှပြောကြားရာတွင် “မိမိတို့တိုင်းရင်းများသည် မောင်တောဒေသတွင် လူနည်းစုဖြစ်ကြောင်း၊  မိမိတို့မြိုတိုင်ရင်းသားများ အသတ်ခံရသော ဖြစ်စဉ်များကြောင့်  ကြောက်ရွံ့နေကြောင်း၊ မိမိတို့သည် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်သောကြောင့်အေးအေးချမ်းချမ်း ဖြစ်လျှင် မိမိဒေသတွင်သာနေထိုင်လိုကြောင်း သို့သော်လူနည်းစု ဖြစ်သောကြောင့် တိုင်းရင်းသားများ စုပေါင်း၍နေထိုင်လိုကြောင်း၊မိမိ တို့မြိုတိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများနှင့်ပါ ပူးပေါင်း၍နေထိုင်လိုကြောင်း ကားလမ်းဘေးတွင် ရွာများတည်ပေးစေလိုကြောင်း ပြောကြားပါသည်။

          ဒိုင်းနက် တိုင်းရင်းသား တစ်ဦးမှ ပြောကြားရာတွင်လည်း “မိမိတို့သည် လူနည်းစု တိုင်းရင်း သားများဖြစ်ကြောင်း ၊ မိမိတို့နေထိုင်သည့်ရွာတွင် လူဦးရေ စုစုပေါင်း ၁၀၀ ကျော်သာရှိကြောင်း မိမိတို့၏ ဘေးပတ်ဝန်းကျင်တွင် လူဦးရေ သောင်းဂဏန်းရှိသော လူများစုဖြစ်သည့်ဘင်္ဂလီများ နေထိုင်ကြသဖြင့် လုံခြုံရေးကောင်းမွန်မှသာလျှင် မိမိဒေသတွင်နေထိုင်ဝံ့မည်ဖြစ်ြကောင်း ပြောကြား ပါသည်။

သက်တိုင်းရင်းသားတစ်ဦးကပြောကြားရာတွင်“မိမိတို့သည်လူနည်းစုများဖြစ်၍အကြမ်းဖက်လုပ်ဆောင်သူများ နှင့် နီးကပ်စွာ ဆက်လက်မနေထိုင်ဝံံ့တော့ကြောင်း၊ ထို့ကြောင့် မိမိဒေသမှ စွန့်ခွာလာရ ခြင်းဖြစ်ကြောင်း လုံခြုံရေးအင်အားကောင်းမွန်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများကောင်းမွန်ရန် လိုအပ်ကြောင်း၊ လုံခြုံမှုရှိမှ မိမိဒေသသို့ ပြန်ဝံ့မည် ဖြစ်ကြောင်း ပြောကြားပါသည်။

          ဟိန္ဒူဘာသာဝင်များမှ ပြောကြားရာတွင် “ခမောင်းဆိပ်ဟိန္ဒူရွာမှ အိမ်ထောင်စု ၂၃စု၊ လူဦးရေ(၁၀၈)ဦးရှိရာ (၉၆)ဦးမှာ ပျောက်ဆုံးနေကြောင်း၊ အမျိုးသမီး (၆)ဦးနှင့် ကလေး(၃)ဦးမှာ အကြမ်းဖက်သမားများ ခြိမ်းခြောက်ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်သွားကြကြောင်း၊ လမ်းခရီးတွင် ဟိန္ဒူအမျိုးသမီးများကို မုဒိမ်းကျင့်ခံရကြောင်း၊ ထို့ပြင် ခြိမ်းခြောက်ပြီး ဟိန္ဒူအမျိုးသားခင်ပွန်းများကို ရခိုင်များက သတ်ဖြတ်သည်ဟု Videoတွေ့ဆုံံခန်းတွင် အတင်းအကြပ်ပြောခိုင်းကြောင်း၊၎င်းVideoများအားလူမူကွန်ယက်များတွင်တင်ထားကြောင်း၊ယခုအခါဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူဘာသာဝင် အကြီးအကဲတစ်ဦးမှ ကယ်တင်ထားပြီး ဖြစ်ကြောင်း၊ မိမိတို့အား ဖုန်းဆက်အကြောင်း ကြား၍ သိရှိရခြင်းဖြစ်ကြောင်းပြောကြားပါသည်။ ထို့ပြင် အိုးထိန်းရွာမှ ဟိန္ဒူဘာသာဝင် ၆၀၀ ကျော် ရှိသည့်အနက် ၄၉၅ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ရွာသို့ ရောက်ရှိခိုလှုံ နေကြောင်း၊ မိမိတို့နှင့် ဖုန်းအဆက်အသွယ်ရကြောင်း၊ ၁၄၄ ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ထိုကြောင့်ပျောက်ဆုံး နေသော ဟိန္ဒူဘာသာဝင်များ အရေးအား ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။

          ရခိုင်တိုင်းရင်းသားများမှပြောကြားရာတွင် “အကြမ်းဖက်သမားများမှ လမ်းများတွင် မိုင်းတွေ ထောင်ထားကြောင်း၊ မောင်တောမြို့ပေါ်တွင်ပင် အကြမ်းဖက်မီးရှို့သည့်ကိစ္စများ ဖြစ်ခဲ့ကြောင်း၊ မြို့ပေါ်ကိုလည်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားရွာများမှာ လူနည်းစု ဖြစ်၍ ဆက်လက်မနေထိုင်ဝံ့ပဲ နေရပ်စွန့်ခွာလာကြကြောင်း၊ ကိုယ့်မြေကိုယ့်ရေကို မစွန့်လွှတ်လိုကြောင်း၊ လုံခြုံရေး အပြည့်အဝချထားပေးရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက “ယခုလိုဖြစ်စဉ်များ ရင်တွင်းခံစားချက်တွေကို ပြောကြားသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ပူးပေါင်း၍ အကောင်းဆုံး ဆောင်ရွက်ပေးနေပါကြောင်း၊မိမိတို့အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးကို     ဦးစားပေး၍ လက်တွေ့ဆောင်ရွက်လျှက်ရှိကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ကိုလည်း ဘေးဒုက္ခရောက်သူတိုင်းအား မျှတစွာ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု အကြမ်းဖက်ဖြစ်စဉ်ကြောင့် လူနည်းစုတိုင်းရင်းသားများနှင့်မောင်တောဒေသလုံခြုံရေးအတွက်အားလုံးပူးပေါင်းညှိနှိုင်းပြီးဆောင်ရွက်လျက်ရှိပါ ကြောင်း အစိုးရအနေဖြင့် လူနည်းစုတိုင်းရင်းသားများ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည်တို့တွင် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်၍ အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် မောင်တောမြို့ပေါ်စုရပ်များသို့ နေရပ်စွန့်ခွာလာကြသော လူနည်းစုတိုင်းရင်းသား ပြည်သူ ၃၅၈၆ ဦးအတွက် လတ်တလော အသုံးစရိတ်အဖြစ် ထောက်ပံ့ငွေ စုစုပေါင်း (၇၁၇၂၀၀၀ိ/-) အား ထောက်ပံ့ပေးခဲ့ပါသည်။

          ထို့နောက်အမှတ်(၂)မူလွန်ကျောင်းသို့သွားရောက်၍နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်နေသော ဟိန္ဒူူဘာသာဝင်များအား တွေဆုံ၍ အားပေးစကားပြောကြားကာ ကလေးများ အား မုန့်နှင့်အရုပ်များ ပေးအပ်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ဘူးသီးတောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာလာရသော လူနည်းစုဒေသခံတိုင်းရင်းသားများဖြစ်သော ခမီးလူမျိုး၊ မြိုလူမျိုး၊ ဒိုင်းနက်လူမျိုး၊ ရခိုင်လူမျိုးများနှင့် ဟိန္ဒူဘာသာဝင်များအား တွေ့ဆုံ၍ လူနည်းစု တိုင်းရင်းသားများ၏ စကားသံများအား နားထောင်ခဲ့ပါသည်။

          အများစု၏ တင်ပြချက်မှာ “မိမိတို့ရခိုင်ဒေသတွင် ဒေသခံတိုင်းရင်းသားများနှင့် လူနည်းစုများ ဖြစ်သော ဒိုင်းနက်၊ သက်၊ မြို၊ ခမီးနှင့် ကရင်၊ ဟိန္ဒူဘာသာကိုးကွယ်သူများသည် လူနည်းစု ဖြစ်ကြပြီး၊ လူများစုဖြစ်သောဘင်္ဂလီများ၏ အကြမ်းဖက်မှုကို ခံနေရခြင်းဖြစ်ကြောင်း၊ ဤအကြမ်းဖက်သမား များ၏ စတင်တိုက်ခတ်မှုများ အပြစ်မဲ့လူနည်းစု တိုင်းရင်းသားများအား ရက်စက်စွာသတ်ဖြတ်ခြင်း များသည် အလွန်ပင်ကြမ်းကြုတ်လှသဖြင့် ကြောက်ရွံ့တုန်လှုပ်ကြရပြီး အခုတိုင် ကြောက်စိတ်ဖြင့် စိတ်ဒုက္ခခံစားနေရကြောင်း၊ လုံခြုံမှုကို ဆောင်ရွက်ပေးသော်လည်း စိတ်မချဖြစ်နေသော ကြောင်း  ပြောကြား သွားပါသည်။

          ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့ပေါ်စုရပ် များသို့ နေရပ်စွန့်ခွာလာကြသော လူနည်းစုတိုင်းရင်းသားပြည်သူ (၂၃၂၉) ဦးအတွက် လတ်တလော အသုံးစရိတ်အဖြစ် ထောက်ပံ့ငွေ (၄၆၅၈၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မဏိရတနာကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံမှ သြဝါဒခံယူခဲ့ပါသည်။ ထို့နောက် နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ကျောင်းတိုက်တွင်ခိုလှုံနေသော မိသားစုများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုကူညီရေး လုပ်ငန်းနှင့်ကလေးများအတွက် ကလေးပျော်နေရာများ ဖန်တီးပေးခြင်းနှင့် ကလေးများ ကျန်းမာ ကြံ့ခိုင်စေရန် ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးပါ သည်။ ထို့ပြင်ကိုယ်ဝန်‌ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ကလေးများအတွက် ကစားစရာအရုပ်များနှင့်မုန့်များ ပေးအပ်ခဲ့ပါသည်။

          ထို့ပြင် စစ်တေဲမို့ပေါ်ရှိစုရပ်များတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာလာကြသော တိုင်းရင်း သား (၅၃၆၅) ဦးအတွက် လတ်တလောအသုံးစရိတ်အဖြစ် ထောက်ပံ့ငွေ (၁၀၇၃၀၀၀၀)ကျပ် အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

FacebookTwitter