ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ပရဟိတကျောင်းများနှင့်ဘိုးဘွားရိပ်သာများသို့ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီး၊စက်တင်ဘာ ၁၁

        ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ပရဟိတကျောင်းများနှင့်ဘိုးဘွားရိပ်သာများသို့ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကိုလူမှုဝန်ထမ်းဦးစီးဌာန၊ထားဝယ်မူလတန်းကြိုကျောင်းတွင်(၉.၉.၂၀၁၇)ရက်နေ့၊နံနက်(၀၉း၀၀)နာရီ၌ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်မှတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ပရဟိတကျောင်းများနှင့်ဘိုးဘွားရိပ်သာများသို့ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့ ရာထောက်ပံ့ကြေးရာကျောင်းများကိုယ်စားလေးထပ်ကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှဦးခင်မောင်စိုးကကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိထားဝယ်၊မြိတ်၊ကော့သောင်းခရိုင်အတွင်းကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ပရဟိတကျောင်းများနှင့်ဘိုးဘွားရိပ်သာများ အတွက်ထောက်ပံ့ကြေးငွေစုစုပေါင်း၈၆၀၈၀၃၀၀ဝိ/(ရှစ်ရာ့ခြောက်ဆယ့်ရှစ်သိန်းသုံးထောင်တိတိ)ပေးအပ်ခဲ့ပါသည်။

FacebookTwitter