ဒေသခံပြည်သူများ၏လိုအပ်ချက်များကိုစနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဝန်ထမ်းများအားစုဖွဲ့၍ အလှည့်ကျစေလွှတ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိ

 နေပြည်တော်၊စက်တင်ဘာ ၁၂

ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်ဒေသခံပြည်သူများ၏ လိုအပ်ချက်များကိုစနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေ ဖြင့် ရုံးချုပ်၊တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှဝန်ထမ်းများအားစုဖွဲ့၍ရခိုင်ပြည်နယ်သို့အလှည့်ကျစေလွှတ်ပြီးလုပ်ငန်းများဆောင်ရွက် လျက်ရှိပါသည်။အဆိုပါဝန်ထမ်းများအား(၁၀၉၂၀၁၇)ရက်နေ့တွင်စစ်တွေမြို့လေဆိပ်ဧည့်ခန်းမဆောင်၌တွေ့ဆုံရာ တွင်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကမောင်တောဒေသမှလူနည်းစုဒေသခံတိုင်းရင်းသားများဖြစ်သောမြိုလူမျိုး၊သက်လူမျိုး ၊ဒိုင်းနက်လူမျိုး၊ ခမီလူမျိုး၊ မရမကြီးလူမျိုးနှင့် ဟိန္ဒူဘာသာကိုးကွယ်သူများသည် ARSAအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စိုးရိမ်ထိတ်လန့်ပြီး မိမိတို့နေရပ် များကို စွန့်ခွာကာ စစ်တွေ၊ပုဏ္ဏား ကျွန်း၊ကျောက်တော်၊မြောက်ဦး၊ဘူးသီးတောင်၊ မောင်တော မြို့ပေါ်များရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ ပြောင်းရွေ့နေထိုင်လျက်ရှိပါကြောင်း၊

          နေရပ်စွန့်ခွာလာသူများကိုရိက္ခာနှင့်အခြားလိုအပ်သည်များအားဝန်ကြီးဌာနနှင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်းများ၊ကလေးများအတွက်ကလေးပျော်နေရာများဖန်တီးခြင်းနှင့်ကလေးများကျန်းမာကြံ့ခိုင်စေရန်ဆောင် ရွက်ပေးခြင်းနှင့်ကျောင်းနေအရွယ်ကလေးများကျောင်းဆက်တက်နိုင်ရေးအတွက်လည်းကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊တစ်ဦးချင်းစီအတွက် အသေးသုံးထောက်ပံ့ငွေနှင့်လိုအပ်သောလူသုံးကုန်ပစ္စည်းများ ကိုဝန်ကြီးဌာနသို့အလှူရှင်များကလှူဒါန်းထားရှိသောလှူဒါန်းငွေများ ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

          ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ပြည်သူနှင့်တစ်သားတည်းဖြစ်ရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှလည်း အဆိုပါအလှည့်ကျ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအား ဒေသအခြေအနေများကို ရှင်းလင်းပြောကြားကာ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။          ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်ဒေသခံပြည်သူများ အတွက်အလုပ်သင်ဗိုလ်၊ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)မှညီအစ်ကိုများနှင့် မိသားစုများမှ လှူဒါန်းငွေ ကျပ်(၁၀)သိန်းကို (၁၀-၉-၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ဧည့်ခန်းမဆောင်၌ အလှူရှင်များကိုယ် စား ဗိုလ်မှူးကြီးမျိုးမြင့်(ငြိမ်း) ကလည်းကောင်း၊(၁၁၉၂၀၁၇)ရက်နေ့တွင်နေပြည်တော်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၌တောင်တွင်းကြီးမြို့နယ်၊ရခိုင်ဒေသဒုက္ခသည်များကူညီထောက်ပံ့ရေးအဖွဲ့မှအလှူငွေ(၁၈၈၅၀၀၀၀ိ/)ကိုမကွေးတိုင်းဒေသကြီး၊ အမှတ်(၄)မဲဆန္ဒနယ်၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် နှင့်အလှူရှင်များ ကလည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှလှူဒါန်းငွေ(၁၀)သိန်းကိုပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်ကလည်းကောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ရှင်အသင်း၊မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကျန်းမာရေး စောင့်ရှောက်မှုအသင်း၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၊မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း ရှင်များအသင်း၊မြန်မာခရီးသွားဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်း(ရခိုင်ဇုန်)၊တံတားဦးဟိုတယ်စီမံကိန်း၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ကလှူဒါန်းသောစုစုပေါင်းအလှူငွေ(၇၆၀၅၀၀၀၀) ကိုတာဝန်ရှိသူများကလည်းကောင်းအသီးသီးပေးအပ်လှူဒါန်းရာပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လှူဒါန်းပစ္စည်းနှင့် လှူဒါန်းငွေများကို ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်း သားများအတွက် လိုအပ်သောကူညီထောက်ပံ့မှုများတွင်စနစ်တကျထိရောက်စွာ အသုံးပြုသွား မည်ဖြစ်ပါသည်။

 

FacebookTwitter