ဝန်ကြီးဌာနနှင့်MOU လက်မှတ်ရေးထိုးထားသော DRC/ Diakonia/ DCA/ NCA အဖွဲ့များမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခြင်း

နေပြည်တော်၊စက်တင်ဘာ ၁၂

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန Monitoring and Evaluation Team အဖွဲ့သည် (၁၀.၉.၂၀၁၇)) ရက်နေ့မှ (၁၂.၉.၂၀၁၇)) ရက်နေ့အထိ ကယားပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော DRC/ Diakonia/ DCA/ NCA အဖွဲ့များမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားငွေကြေး ထောက်ပံံ့ပေးခြင်းလုပ်ငန်း စိုက်ပျိုးရေးကိရိယာ (AgriculturalTools)ထောက်ပံ့ပေးခြင်းလုပ်ငန်းမိုင်းအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းမိုင်းအန္တရာယ်ထိခိုက်ခံရသူများအားပြန်လည်ထူထောင်ရေး လုပ်ငန်းကျန်းမာရေးစောင့်ရှောက်မှုနှင့်အမျိုးသမီးစွမ်းအားမြင့်တင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ကယားပြည်နယ်အတွင်းရှိဦးစီးဌာန(၂)ခုနှင့်MOUလက်မှတ်ရေးထိုးထားသောအဖွဲ့အစည်း(၂၀)ဖွဲ့နှင့်တွေ့ဆုံ၍လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

 

FacebookTwitter