ယက္ကန်းစင်၊ရဟပ်နှင့်ဆက်စပ်ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခြင်း

ကချင်ပြည်နယ်၊စက်တင်ဘာ ၁၄

          ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊ကက်သလစ်ဘုရားကျောင်း(RC)တိုက်ပွဲရှောင်ယာယီစခန်း(IDPcamp)တွင်(၁၄.၉.၂၀၁၇)ရက်နေ့ ၌နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည့်ယက္ကန်းစင်၊ရဟပ်နှင့်ဆက်စပ်ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ပြီးကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်တက်ရောက်အမှာစကားပြောကြားပြီးပစ္စည်းများကိုပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါက်တာဂျေကော့ဘူမှပေး အပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိဝန်ထမ်းများတက်ရောက်ဆောင်ရွက်ခဲ့ပါသည်။

 

 

FacebookTwitter