မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၂/၂၀၁၇အစည်းအဝေးကျင်းပခြင်း

မွန်ပြည်နယ်၊စက်တင်ဘာ ၁၅

 

မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၂/၂၀၁၇အစည်းအဝေးကိုလူမှုဝန်ထမ်းဦးစီးဌာန၊မော်လမြိုင်မြို့အိမ်တွင်းမှုကျောင်း အစည်းအဝေးခန်းမ၌(၁၄.၉.၂၀၁၇)ရက်နေ့၊နံနက်(၀၉း၃၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင်ပြည်နယ်စီအီကော်မတီဥက္ကဌ ပအိုပ်းတိုင်းရင်းသားဝန်ကြီးဒေါ်စံဝင့်ခိုင်မှအဖွင့်အမှာစကားပြောကြားပြီးနောက်ကော်မတီအတွင်းရေးမှူးမွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ၊ပြည်နယ်ဦးစီးမှူးးမှကော်မတီ၏၂၀၁၇ခုနှစ်လုပ်ငန်းဆောင်ရွက်ချက်များအားတင်ပြပြီးUN၊NGOs၊INGOsနှင့်ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှ ကလေးသူငယ် လုပ်ငန်းဆောင်ရွက်ချက်များတင်ပြကြ၍တင်ပြချက်များအပေါ်တက်ရောက်လာသူများမှအကြံပြုဆွေးနွေးကြပါသည်။ ၎င်းနောက် ကော်မတီဥက္ကဌမှနိဂုံးချုပ်စကားပြောကြားပြီးအစည်းအဝေးကို(၁၃း၀၀)နာရီတွင် ပြီးမြောက်ခဲ့ပါသည်။

 

 

FacebookTwitter