ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင် ရွက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု နှင့်အဖွဲ့ဝင်များ မောင်တောဒေသ မြေပြင် ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်၊၊စက်တင်ဘာ၂၁


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီပူးတွဲ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များနှင့်အတူ မောင်တောဒေသ ဘက်ပေါင်းစုံပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်စက်တင်ဘာ၁၉ရက်နံနက်ကစစ်တွေမြို့မှဘူးသီးတောင်မြို့သို့အမြန်ရေယာဉ်ဖြင့်သွားရောက်ကြသည်။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းဝင်းစုရပ်၌နေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီးအားပေးစကားများပြောကြားကာစားနပ် ရိက္ခာနှင့်ထောက်ပံ့ငွေများပေးအပ်ကြသည်။ ဆက်လက်ပြီး ကော်မတီပူးတွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားများအား ဆေးဝါးကုသပေးနေမှုကိုသွားရောက်ကြည့်ရှုကြသည်။ မွန်းလွဲပိုင်းတွင် ကော်မတီပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မောင်တောဒေသတောင်ပိုင်းရှိရွှေဗဟိုလ်ကျေးရွာနှင့်မောရဝတီကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံကာ ကော်မတီအဖွဲ့ဝင်များ လာရောက်ရခြင်း ရည်ရွယ်ချက်များနှင့် မောင်တောဒေသအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြောကြားကြပြီး ပြည်သူများအနေဖြင့်လည်း ပြန်လည် ဆွေးနွေး အကြံပြုစေလိုကြောင်း၊ လတ်တလော ကျေးရွာသူ၊ ကျေးရွာသားများ ကြုံတွေ့နေရသော အခက်အခဲများကိုလည်း တင်ပြစေလိုကြောင်း၊ပြည်သူများ၏အခက်အခဲများကိုသိရှိမှသာကော်မတီအနေဖြင့်အကောင်းဆုံးပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းကော်မတီပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကရှင်းလင်းဆွေးနွေးကာစားနပ်ရိက္ခာများကူညီထောက်ပံ့ပေး သည်။ ယင်းနောက် ရွှေဗဟိုလ်ကျေးရွာနှင့် မောရဝတီကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာရှိ ကလေးငယ်များနှင့် အမျိုးသမီးများမှာ စိုးရိမ်ထိတ်လန့်မှုဖြစ်ကာ အခြားဒေသများသို့ သွားရောက် ခိုလုံလျက်ရှိကြောင်း၊ အမျိုးသားအများစုမှာ ကျေးရွာလုံခြုံရေးအတွက် ကျန်ရစ်ခဲ့ပါကြောင်း၊မိမိတို့ကျေးရွာအတွက်လယ်ယာလုပ်ပိုင်ခွင့်အခွင့်အလမ်းဖန်တီးပေးစေလိုကြောင်း၊ကျေးရွာ၌စာသင်ကျောင်းများ အကောင်အထည်ဖော်တည်ဆောက်ပေးစေလိုကြောင်း၊မိမိ တို့ဒေသခံတိုင်းရင်းသားများအနေဖြင့် အေးချမ်းစွာ လုပ်ကိုင်စားသောက်လိုသဖြင့် လုံခြုံမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်မှစီမံဆောင်ရွက် ပေးစေလိုကြောင်း ပြန်လည်ဆွေးနွေးတင်ပြကြသည်။ ညနေပိုင်းတွင်ကော်မတီပူးတွဲဥက္ကဋ္ဌရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်အဖွဲ့ဝင်များသည် မောင်တောဒေသမြောက်ပိုင်း ကျီးကန်းပြင်အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်စခန်းသို့ ရောက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ကြသည်။
 

 

 

FacebookTwitter