ထားဝယ်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ၊၂၁

တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ထားဝယ်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကိုထားဝယ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင်(၈.၉.၂၀၁၇)ရက်နေ့၌ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ထားဝယ်မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးးမှအဖွင့်အမျာစကားပြောကြားခြင်း၊တိုင်းကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး၊တနင်္သာရီတိုင်းလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးမှအမှာစကားပြောကြားခဲ့ပါသည်။ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသည့်အဖွဲဝင်/ကိုယ်စားလှယ် များမှ ဆွေးနွေးခြင်းနှင့် ဆွေးနွေးချက်များမှ အစည်းအဝေးမှတ်တမ်း အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ယင်းအစည်းအဝေးသို့လူဦးရေ(၃၅)ဦး တက်ရောက်ခဲ့ပါသည်။

 

FacebookTwitter