လောင်းလုံးမြို့နယ်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို (၂၀.၉.၂၀၁၇)ရက်နေ့ လောင်းလုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဗထူးခန်းမတွင်ကျင်းပပြုခဲ့ပါသည်၊အဆိုပါအစည်းအဝေးသို့လောင်းလုံးမြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)မှအဖွင့်အမှာစကားပြောကြားခြင်း၊တိုင်းဒေသကြီးဦးစီးမှူးး (တိုင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းအရေးမှူး)မှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်း၊ Future Light အဖွဲ့မှ လုပ်ငန်းဆောင်ရွက်များ တင်ပြခြင်း၊ World Vision လောင်းလုံးမှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်း တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်/ ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း/ ဆွေးနွေးအကြံပြုချက်များမှ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ လူဦးရေး(၇၀) ဦး တက်ရောက်ခဲ့ပါသည်။

FacebookTwitter