စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း ဖွင့်လှစ်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့တွင်(၁၁.၉.၂၀၁၇)ရက်နေ့မှ(၁၅.၉.၂၀၁၇))ရက်နေ့အထိမြိတ်မူလတန်းကြိုကျောင်းခန်းမစေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုခရိုင်အုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြားခြင်း၊တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ် ချက်အကြောင်းရှင်းလင်းပြောကြားခြင်း၊မြိတ်ခရိုင်ရဲတပ်ဖွဲ၊ရဲမှူးမှအမှာစကားပြောကြားခြင်းမြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(တနင်္သာရီတိုင်း)အတွင်းရေးမှူးမှအမှာစကားပြောကြားခြင်းဖြင့်သင်တန်းအားဖွင့်လှစ်ပေးခဲ့ပါ သည်။အဆိုပါသင်တန်းမှစေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး (၃၁)ဦးအား မွေးထုတ်ပေး နိုင်ခဲ့ပါသည်။

 

FacebookTwitter