ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ်အစည်းအ‌ဝေးကျင်းပ

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ ၂၂

          ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ်အစည်းအ‌ဝေးကို ကော်မတီဥက္ကဌဦးဆောင်၍ (၂၁-၉-၂၀၁၇)နေ့ မွန်းလွဲ(၃)နာရီတွင် လူမှုှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအ‌ဝေးခန်းမတွင်ကျင်းပရာကော်မတီအတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူးနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ပြီးရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပထမအကြိမ် အစည်းအ‌ဝေးတွင် ဆွေနွေးခဲ့သည့် ဆွေနွေးချက်များအတိုင်း နှစ်ပတ်အတွင်း ဝန်ကြီးဌာနအလိုက် ဦးစားပေးစီမံချက်များ ပေါ်ပေါက် အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် (၁၂-၉-၂၀၁၇)နေ့ မှစ၍ (၄)လကာလဖြစ်မည့် ဇန်နဝါရီ (၁၂)ရက်နေ့တွင် ပထမအကြိမ် လေးလပတ်အစီရင်ခံစာကိုထုတ်ပြန်ပေးရမည်ဖြစ်သည့်အတွက်စီမံချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း အမှန်တကယ် ပြည်သူအကျိုးရှိမည့်လုပ်ငန်းများ၊ တည်ငြိမ်အေးချမ်းမှုကိုဦးတည်မည့် လုပ်ငန်းများကို ချက်ချင်း အ‌ကောင် အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် အခက်ခက်ခဲများရှိသော်လည်း ပြည်သူများကို အတတ်နိုင်ဆုံး ပါဝင်လာအောင် စည်းရုံးဆောင်ရွက်ရန် လိုကြောင်း၊  မိမိတို့၏ ဆောင်ရွက်ချက်များကို ပွင့်လင်း မြင်သာစွာ ပြည်သူကိုရှင်းပြရန်လိုြကောင်း၊ မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေး အချက်တစ်ချက် အနေဖြင့်ပါဝင်သည့်အတွက် သတိပြုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီတွင်း မိမိတို့ အချင်းချင်း သတင်းအချက်အလက် မပြတ်ဖလှယ်ရန် ဝန်ကြီးဌာနတစ်ခုနှင့်တစ်ခု ညှိနှိုင်းကူညီ ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေး ပါသည်။

          ဆက်လက်၍ ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က (၁၈-၉-၂၀၁၇)နေ့မှ(၂၀-၉-၂၀၁၇)နေ့ အထိ ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ ကော်မတီအဖွဲ့ဝင်များ သွားရောက်လေ့လာ တွေ့ရှိ ချက်များကိုတင်ပြရာ လုံခြုံရေးလိုအပ်ချက်၊ ဒေသခံတိုင်းရင်းသားများအတွက် အလုပ်အကိုင် ဖော်ဆောင်ပေးရန်အတွက် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ပေးရန် လိုအပ်မှုအြခေအနေ၊ တိုင်းရင်းသားကျေးရွာများကို စုစည်းတည်ထောင်ရန်အြခေအနေ၊ လယ်ယာလုပ်ငန်းများတွင် လက်ရှိ အနေအထားအရ ထွန်ယက်စိုက်ပျိုးရိတ်သိမ်း ရန်အတွက် ထွန်စက်၊ ရိတ်သိမ်းခြွလှေေ့စက်များ ထောက်ပံ့ပေးရန် လိုအပ်မှုအြခေအနေ၊ NVCကတ် ထုတ်ပေး ရန်အြခေအနေများကို တင်ပြပါသည်။

          ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် ြမေပြင်ကွင်းဆင်းလေ့လာ သုံးသပ်ချက်များအရ ချက်ချင်းဆောင်ရွက်ပေးရန်လိုအပ်ချက်များ၊ လတ်တလောဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းများ၊ ရေတို၊ ရေရှည်ဆောင်ရွက်မည့် လုပ်ငန်းများကို ခွဲခြားဆောင်ရွက်ရန်လိုအပ်ြကောင်းနှင့် လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ရန် ကိစ်စများ၊ အိုးအိမ်များ ပြန်လည်တည်ဆောက်ပေးမည့်အြခေအနေများကို ဆွေေးနွးပါသည်။

          ထို့နောက် ကော်မတီအဖွဲ့ဝင်များက ြမေပြင်ကွင်းဆင်းလေ့လာတွေ့ရှိချက်များအရ ဝန်ကြီးဌာန အလိုက် ဆောင်ရွက်သွားရန်လိုအပ်သည့် လုပ်ငန်းများ၊ ဦးစားပေးအလိုက် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ချက်များကိုဆွေနွေးပါသည်။

          ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြု ချက်များနှင့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအပေါ် မြေပြင်အခြေအနေလိုအပ်ချက်များနှင့်အညီပြည်သူအမှန်တကယ်အကျိုးရှိပြီးချက်ချင်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေရှည်ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ စသည်ဖြင့် ဦးစားပေးအလိုက် လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်ရေးအတွက်လည်း မျက်‌ြခေမပြတ် သတိပြုဆောင်ရွက်ရမည် ဖြစ်သည်ဟု ‌ြပောကြားခဲ့ြကောင်း သတင်းရရှိပါသည်။

         

FacebookTwitter