မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကိုဖွဲ့စည်းပြီးဖြစ်သဖြင့် ပိုမိုကောင်းမွန် သော ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းပြောကြား

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ၂၆                                                                                        လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်(၂၅.၆.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဧည့်ခန်းမ၌ မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မသန်စွမ်းသူများနှင့် စပ်လျဉ်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေနွေးကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကမသန်စွမ်းသူများဆိုင်ရာဥပဒေကို၂၀၁၅ခုနှစ်တွင်အတည်ပြုပြဌာန်းခဲ့ပြီးနည်းဥပဒေနှင့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီတို့ကိုထုတ်ပြန်ရန်အတွက်အဆင်သင့်ဖြစ်နေပြီဖြစ်ပါကြောင်း၊လူမှုကာကွယ်စောင့်ရှောင့်ရေးနည်းလမ်း များကိုအသုံးပြုပြီးဆောင်ရွက်ရာတွင်မသန်စွမ်းသူများနှင့်ပတ်သက်၍လည်းဦးစားပေးထည့်သွင်းအလေးပေးဆောင်ရွက်ပေးနေပါကြောင်း၊ နည်းဥပဒေပေါ် ပေါက်လာပြီဖြစ်၍ အမျိုးသားကော်မတီ၏ ဦးဆောင်ညှိနှိုင်းဆောင်ရွက်မှုဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးရန်ပိုမိုကောင်းမွန်သောကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ   အခြားဆက်စပ်ဝန်ကြီးဌာနများကလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းနှင့် ပြည်သူအားလုံးကလည်း မသန်စွမ်းများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်ထူထောင်ရေးလိုအပ်မှုတို့ကို သဘောပေါက်လျက် ပါဝင်ဖြည့်ဆည်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းးဖြင့်ပြောကြားပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ်မှ ဥက္ကဌဖြစ်သူ ဦးအောင်ကိုမြင့်နှင့် အတွင်းရေးမှူးဖြစ်သူ ဦးမြတ်သူဝင်းတို့က မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်၏တစ်နှစ်တာဆောင်ရွက်ခဲ့မှုအခြေအနေ၊မသန်စွမ်းသူများဆိုင်ရာဥပဒေ(၂၀၁၅)ပါအသေးစိတ်အချက်လက်များနှင့်ပတ်သက်၍ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ ပါသည်။

 

 

FacebookTwitter