လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် Red Cross Movement ၏ အကောင်အထည်ဖော်မှုများ စနစ်တကျဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ ၂၆

              ARSAအကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းရှိလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သူအားလုံးကိုRed Cross Movementဖြင့်ကူညီထောက်ပံ့မှုများကိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကိုစစ်တွေမြို့၊ပြည်နယ်အစိုးရဧည့်ရိပ်သာခန်းမတွင် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ၊ (၂၅)ရက်နေ့ ည (၇)နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ Red Cross Movement တွင် ပါဝင်သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)၊ ICRC နှင့် IFRC တို့မှ တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

          ညှိနှိုင်းအစည်းအဝေးတွင်RedCrossMovement၏လိုက်နာဆောင်ရွက်ရမည့်အသေးစိတ်လုပ်ငန်းအဆင့်ဆင့်တွင် ပါဝင်သော Standard Operation Procedure (SOP) မူကြမ်းကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။      

          ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်(၂၆.၉.၂၀၁၇)ရက်နေ့၊နေ့လည်ပိုင်းတွင်ပြည်နယ်အစိုးရ ဧည့်ရိပ်သာခန်းမ၌ ARSA အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှှုံးမှုများနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စနစ်ကျသော စီမံခန့်ခွဲမှုဆောင်ရွက်နိုင်ရန် ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ် ခဲ့ပါသည်။­­­­­­­­

          ARSA အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ (၂၀၁၃) အခန်း(၁) အပိုဒ်၂ (ခ)အရ ဘေးအန္တရာယ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ပါဝင်သဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းများကို အဆိုပါ ဥပဒေနှင့် စီမံခန့်ခွဲမှု နည်းဥပဒေ (၂၀၁၅)အရ ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းဥပဒေ(၂၀၁၅)အခန်း(၉)အရဘေးအန္တရာယ်ကျရောက်ပြီး အဆင့်တွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လုပ်ငန်းကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ဦးညီပုနှင့်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

                                                                             

FacebookTwitter