ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ၂၇

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများနှင့်အတူ (၂၆.၉.၂၀၁၇)ရက်နေ့၊ နံနက် ၉ နာရီတွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ရသေ့တောင်မြို့နယ်တွင်းရှိ ကျေးရွာများသို့ သွားရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသောစားနပ်ရိက္ခာများကိုကူညီထောက်ပံ့ပေးသည်။
(၂၆.၉.၂၀၁၇)ရက်နေ့ကူညီထောက်ပံ့ပေးခဲ့သောကျေးရွာများမှာစေတီပြင်ကျေးရွာ၊သာယာကုန်းကျေးရွာနှင့်အနောက်ပြင်ကျေးရွာတို့ ဖြစ်သည်။အဆိုပါကျေးရွာများအားအင်ဒိုနီးရှားနိုင်ငံမှကူညီထောက်ပံ့ပေးသောငါးသတ္တာ၊ဘီစကစ်နှင့်အခြားစားနပ်ရိက္ခာများ၊အိမ်ထောင်စုအလိုက် အသုံးစရိတ်ငွေများကိုလည်းကူညီထောက်ပံ့ပေးခဲ့ပြီးအားပေးနှစ်သိမ့်စကားများပြောကြားခဲ့သည်။အဆိုပါခရီးစဉ်တွင်အနောက်ပြင်ကျေးရွာပြည်သူ များနှင့်တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးကမိမိတို့အနေဖြင့်အကြမ်းဖက်မှုကိုလုံးဝမလိုလားကြောင်း၊အားလုံးကလည်းအကြမ်းဖက်မှုလိုလားမည် မဟုတ်ကြောင်း၊အကြမ်းဖက်မှုသည်ကောင်းကျိုးထက်ဆိုးကျိုးကိုသာခံစားရမည်ဖြစ်ကြောင်း၊ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ဒေ သနေပြည်သူတွေအားလုံး တွင်ဒေသတည်ငြိမ်အောင်သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်တွင်မပါသော၊ရိုးသားစွာနေထိုင်သောကျေးရွာပြည်သူများကိုနိုင်ငံတော်အနေဖြင့်စောင့်ရှောက်ရမည့်ဝတ္တရားရှိကြောင်း၊ ထို့ကြောင့်လိုအပ်သောရိက္ခာများကိုလိုက်လံဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ယခုကူညီထောက်ပံ့မှုမှာလတ်တလောအင်ဒိုနီးရှားနိုင်ငံကခွဲခြားမှု မရှိဘဲအေးချမ်းစွာနေထိုင်သောပြည်သူများအားလုံးအတွက်ထောက်ပံ့ခြင်းဖြစ်ကြောင်းပြောကြားပါသည်။အနောက်ပြင်ကျေးရွာမှပြည်သူများ ကလည်းမိမိတို့ကျေးရွာအနေဖြင့်အကြမ်းဖက်မှုတွင်ပါဝင်သူမရှိကြောင်း၊အကြမ်းဖက်မှုကိုလည်းမလိုလားပါကြောင်း၊အေးချမ်းစွာနေထိုင် လျက်ရှိကြောင်းပြောကြား ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရသေ့တောင် မြို့နယ် ဒေသခံတိုင်းရင်းသားအများစုနေထိုင်သောစေတီပြင်ကျေးရွာသို့ရောက်ရှိပြီးစေတီပြင်နှင့်သာယာကုန်းကျေးရွာအတွင်းရှိပြည်သူများနှင့်တွေ့ ဆုံပြီးနှစ်သိမ့်အားပေးစကားပြောကြားကာအဆိုပါကျေးရွာရှိကလေးငယ်များအားမုန့်နှင့် ကလေးကစားစရာအရုပ်များ ပေးဝေခဲ့သည်။ ထို့အပြင် အဆိုပါ ကျေးရွာများရှိအိမ်ထောင်စု ၇၀၇ စုအတွက်ငွေကျပ်သိန်းပေါင်း ၁၄၁ သိန်းတစ်သောင်းကို မိသားစု အသုံးစရိတ်အဖြစ် ကူညီထောက်ပံ့ပေးခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ(၂၆.၉.၂၀၁၇)ရက်နေ့သွား ရောက်ကူညီထောက်ပံ့သောအနောက်ပြင်ကျေးရွာမှာအိမ်ထောင်စု၆၁၅စု၌လူဦးရေ၂၇၇၀ရှိပြီးဒေသခံတိုင်းရင်းသား များနှင့်ဟိန္ဒူဘာသာဝင်များနေထိုင်ရာ စေတီပြင်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် အိမ်ထောင်စု ၇၀၇ စု၌ လူဦးရေ ၃၇၂၁ ဦးရှိကြောင်းသိရသည်။

FacebookTwitter