မြို့နယ်အဆင့် ကလေးများ တွေ့ဆုံပွဲကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ၂၇

World Vision Myanmar နှင့်မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြို့နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီ၊ အမရပူရမြို့နယ်တို့ပူးပေါင်း၍ မြို့နယ်အဆင့် ကလေးများ တွေ့ဆုံပွဲကို (၂၀.၉.၂၀၁၇)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာအောင်နှင့် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌကိုယ်စားဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီလွင်တို့မှအဖွင့်အမှာစကားပြောကြားခဲ့ကြပြီကလေးသူငယ်ကိုယ်စားလှယ်(၂)ဦးမှ ကလေးသူငယ်များရင်ဆိုင်ကြုံတွေ့ရသည့်ပြဿနာများ/ကလေးသူငယ်များရသင့်ရထိုက်သည့်အခွင့်အရေးများနှင့်ပက်သက်၍ဆွေးနွေးတင်ပြ ကြပြီးတာဝန်ရှိသူများမှလည်းပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အထူးအစီအစဉ်အနေဖြင့် တက္ကသိုလ်ဝင်တန်းအောင် ကလေးများကို ဂုဏ်ပြုချီးမြင့်ပြီး ချို့တဲ့သော မိသားစုများမှ ကလေးများ ကျောင်း၊ အလုပ်များသို့ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရန်အတွက်လည်း စက်ဘီးများဖြင့် ကူညီပံ့ပိုးပေးခဲ့ပါသည်။ အခမ်းအနားသို့ ကလေး (၃၀၀) ဦးခန့်နှင့် လူကြီး (၆၀) ဦး၊ စုစုပေါင်း လူဦးရေ (၃၆၀) ဦးခန့် တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။

FacebookTwitter