လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်သံအမတ်ကြီး၊ WFP နှင့် World Bank တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ ၂၉

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E Mr. Peter Lysholt Hansen က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင်(၂၇-၉-၂၀၁၇) ရက်နေ့ နံနက်ပိုင်းက လာရောက် တွေ့ဆုံပါသည်။          ထိုသို့တွေ့ဆုံရာတွင်ရခိုင်ပြည်နယ်တွင်ဆောင်ရွက်နေသောလူသားချင်းစာနာမှုဆိုင်ရာအကူအညီများဆောင်ရွက်နေမှုအားအသိအမှတ်ပြု ဝမ်းမြောက်ပါကြောင်း၊ရခိုင်ပြည်နယ်တွင်အကောင်အထည်ဖေါ်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးလိုပါကြောင်း၊ National Varification Processနှင့်ပတ်သက်၍ပိုမိုကျယ်ပြန့်သောအသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်သင့်ပါကြောင်း၊နေရပ်ပြန်လာသောသူများ အတွက်ပြန်လည်နေရာချထားရေးကိစ္စရပ်များအားသိလိုပါကြောင်း၊ဒေသတွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းသူများအားမူလနေရာများတွင်ပြန်လည် အခြေချနေထိုင်နိုင်ရေးနှင့်ပတ်သက်၍နိုင်ငံတော်အစိုးရအနေဖြင့်စီစဉ်ဆောင်ရွက်နေမှုများအားသိရှိပြီးလိုအပ်သောအကူအညီများပေးလို ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းအား အကာအကွယ်နှင့် လုံခြုံရေးပေးမည့် ကိစ္စများ ဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတကာမှ ရခိုင်ပြည်နယ်ကိစ္စအပေါ် အာရုံစိုက်နေကြကြောင်း၊ ထို့အတူ သတင်းအချက်အလက်အမှားများအပေါ်အခြေခံ၍ ဝေဖန်မှုများရှိသကဲ့သို့ သတင်းအစစ်အမှန် များအား ရရှိရန် ဝေဖန်သုံးသပ်သူများရှိသောကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်ကို သိရှိပါကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ လိုအပ်သော အကူအညီများပေးအပ်လိုပါကြောင်း၊ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အလျင်အမြန် အကောင် အထည်ဖေါ်နေမှုအား သိရှိဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားရာဒေသသို့ သတင်းမီဒီယာနှင့် နိုင်ငံတကာသံတမန်များ ဝင်ရောက်သွားလာ လေ့လာခွင့်နှင့်ပတ်သက်၍ ဆွေးနွေး လိုပါကြောင်း၊ လက်ရှိ ကျန်ရှိနေသော ကျေးရွာများနှင့်ပြည်သူများအား အကာအကွယ်ပေး၍ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ တိုးမြှင့်စေလိုပါကြောင်း၊ အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင် အထည်ဖေါ်ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီလိုပါကြောင်း၊ အတူတကွ လုပ်ဆောင် လိုပါကြောင်း၊ ကြက်ခြေနီ လှုပ်ရှားမှု  Red Cross Movement (RCM)၏ လူသားချင်းကူညီမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား သိရှိပါကြောင်း၊ UN/ INGOs အဖွဲ့ အစည်းများမှလည်း ကူညီပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ ASEAN နိုင်ငံများမှ အကူအညီများပေးနေမှုအား သိရှိဝမ်းမြောက်ပါကြောင်း၊ အကူအညီများ ပိုမိုထိရောက်စွာ ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။      

ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်အစိုးရအနေဖြင့်ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်စပ်လျဉ်း၍ထိရောက်စွာ ဆောင်ရွက်နေပါကြောင်း၊ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား ဦးစားပေး အစီအစဉ်များရွေးချယ်၍ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်မတီမှဆွေးနွေးပွဲများဆက်တိုက်ပြုလုပ်ပြီးအကောင်အထည်ဖော်ရေးအစီအမံများချမှတ်လျက်ရှိပါကြောင်း၊သက်ဆိုင်ရာဝန်ကြီးဌာနများ မှဦးစားပေးလုပ်ငန်းအစီအစဉ်များဆွဲ၍ အကောင်အထည်ဖေါ်နေမှုအား အများပြည်သူ သိရှိစေရန်ပွင့်လင်းမြင်သာစွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံပါဝင်သော နည်းလမ်းများဖြင့် အဖြေရှာဆောင်ရွက်နေပါကြောင်း၊ နေရပ်သို့ ပြန်လာသူများ အတွက ်National Verification Process ဖြင့်စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊၁၉၉၃ခုနှစ် မြန်မာ - ဘင်္ဂလားဒေ့ရှ် (၂) နိုင်ငံသဘောတူညီချက်အရ နေရပ်ပြန်လာသူများကိစ္စအား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓါတ်အားနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဦးစားပေး ထောက်ပံ့အကောင်အထည်ဖေါ်သွားမည်ဖြစ်ကြောင်း၊ လူမှု/စီးပွားဖ့ွံဖြိုးတိုးတက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများ၏စာရင်းအား သက်ဆိုင်ရာ နိုင်ငံနှင့်အဖွဲ့အစည်းများအား ပေးအပ်ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန် ပေးမှုအတွက် ကျေးဇူးတင်ပါကြောင်း၊ ဖြစ်ရပ်တစ်ခုလုံးအားခြုံငုံသုံးသပ်၍ ဦးစားပေးအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖေါ်သွားမည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအတွက် လုံခြုံရေး၊ အသက် အိုးအိမ်စည်းစိမ်များ ကာကွယ်နိုင်ရေးအတွက်ဝိုင်းဝန်းဆောင်ရွက်နေပါကြောင်း၊သတင်းအမှန်များရရှိပြန့်ပွားစေရေးကူညီဆောင်ရွက်ပေး စေလိုကြောင်း ဆွေးနွေးခဲ့ကြပါသည်။   

ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ WFP မှ Country Director and Representative/ Deputy Humanitarian Coordinator ဖြစ်သူ Mr. Dom Scalpelli က လာရောက်တွေ့ဆုံရာတွင် ရခိုင် ဒေသတွင် WFP၏လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ရခိုင်ပြည်နယ်အလယ်ပိုင်းတွင်ဆောင်ရွက်နေပါကြောင်း၊လုပ်ငန်းများအားရခိုင်ပြည်နယ်မြောက်ပိုင်းသို့တိုးချဲ့ဆောင်ရွက်လိုပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကောင်အထည်ဖေါ်ရာတွင်နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့်နိုင်ငံတော်က ဆောင်ရွက်နေသောလူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းအဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် လူသားချင်းစာနာကူညီမှု ဆိုင်ရာလုပ်ငန်းများအား Red Cross Movementနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးနည်းလမ်းရှာဖွေသွားမည်ဖြစ်ပါကြောင်း၊ASEANနိုင်ငံများအနေဖြင့်ကူညီဆောင်ရွက်ပေးမှု များအား သိမြင်ဝမ်းမြောက်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည် ပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်နေကြောင်း၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းများအား လိုအပ်သောနေရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

 

FacebookTwitter