လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ကမ္ဘာ့ဘဏ်၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူMs. Victoria Kwakwaကလာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ၂

          ကမ္ဘာ့ဘဏ်၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Ms.VictoriaKwakwaဦးဆောင်သောအဖွဲ့သည်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား(၂၉.၉.၂၀၁၇)ရက်နေ့ မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။တွေ့ဆုံရာတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသောကလေး(၂)နှစ်အရွယ်ထိ အာဟာရဖြည့်တင်းရေးအစီအစဉ်များတွင်ကမ္ဘာ့ဘဏ်ကပူးပေါင်းဆောင်ရွက်ရန်ဆန္ဒပြုမှုအခြေအနေများ၊ကမ္ဘာ့ဘဏ်ကလွန်ခဲ့သည့်(၅)နှစ်မှ စတင်၍မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လုပ်ကိုင်ပြီးယခုအခါကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် ဌာနေကိုယ်စားလှယ်ခန့်ထား ဆောင်ရွက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာမှအထူးစိတ်ဝင်စားစောင့်ကြည့်လျက်ရှိသည့် အခြေအနေများ၊မြန်မာအစိုးရအနေဖြင့်ဖိအားများအောက်တွင်ရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာကူညီမှုပေးရေးနှင့်ဒုက္ခသည်များပြန်လည် လက်ခံရေး၊ပြန်လည်နေရာချထားရေးတို့အတွက်ဆောင်ရွက်နေသည်ဖြစ်ရာကမ္ဘာ့ဘဏ်မှငွေကြေးနှင့်နည်းပညာအကူအညီများကူညီထောက် ပံ့ရန်ဆန္ဒရှိမှုအခြေအနေများဆွေးနွေးခဲ့ပြီးမြန်မာအစိုးရမှဆောင်ရွက်မည့် အစီအစဉ်များသိလိုပါကြောင်း ကမ္ဘာ့ဘဏ်ကဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်နှင့်စပ်လျဉ်း၍ အစိုးရသစ်တာဝန်ယူပြီးသည်မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီ(၄)ရပ်ဖွဲ့စည်းဆောင် ရွက်လျက်ရှိရာပြည်ထောင်စုဝန်ကြီးအနေဖြင့်ဒေသတွင်းပြန်လည်နေရာချထားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ အဖြစ် ဆောင်ရွက် နေမှု၊ မစ္စတာကိုဖီအာနန်ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မတီဖွဲ့စည်းမှု၊ ယင်းကော်မတီ ဖွဲ့စည်းပြီးနောက် ၂၀၁၆ခုနှစ်၊အောက်တိုဘာ၉ရက်တွင် နယ်ခြားစောင့်ရဲစခန်းများတိုက်ခိုက်ခံရမှု၊ ဒုတိယသမ္မတ ဦးဆောင်သည့် မောင်တောစုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာတင်ပြမှု၊ မစ္စတာကိုဖီအာနန်ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာလက်ခံရရှိပြီး သြဂုတ်လ(၂၅)ရက်တွင် ပိုမိုပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား လာမှု၊ ယင်းနောက် လူသားချင်းစာနာမှုအကူအညီပေးနိုင်ရန် နိုင်ငံတော်အစိုးရနှင့်  စေတနာရှင်ပြည်သူများ၏ ထောက်ပံ့မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုက္ခခံစားရသူအားလုံးကို လွှမ်းခြုံနိုင်ရန် နိုင်ငံတကာမှ ထောက်ပံ့မှုများကို ကြက်ခြေနီလှုပ်ရှားမှု (Red CrossMovement)ဖြင့် ဖြန့်ဝေကူညီဆောင်ရွက်နေမှုများ၊ စက်တင်ဘာလ(၁၂)ရက်နေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ရေးကော်မတီ ဖွဲ့စည်းပြီး ယခုအချိန်ထိညှိနှိုင်းအစည်းအဝေး(၃)ကြိမ်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှု(၁)ကြိမ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လက်တွေ့တွင်အကျိုးရှိနိုင်မည့် ဦးစားပေးဆောင်ရွက်ရန်ကိစ္စများ ဖေါ်ထုတ်ပြီး မဟာဗျူဟာစီမံချက်ရေးဆွဲ၍ အကြံပြုချက်များ အကောင်အထည်ဖေါ်နိုင်ရန် ဆောင်ရွက်မှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသူများအား ၁၉၉၃ခုနှစ်၊ မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်ဖြင့်ပြန်လည်ခေါ်ယူရေး၊လက်ရှိရပ်ရွာများလုံခြုံတည်ငြိမ်စေရေးနှင့်လူသားချင်းစာနာကူညီမှုနှ နှင့်ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာအစိုးရမှစနစ်တကျစီမံချက်ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးရှင်းလင်း တင်ပြ ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

 

 

FacebookTwitter