ပဲနို့အာဟာရတိုက်ကျွေးခြင်းနှင့်စပ်လျဉ်းပြီး သုတေသနလုပ်ငန်းတစ်ရပ် ဆောင်ရွက်သွားမည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၂

နေပြည်တော်ကောင်စီနယ်မြေ၊ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးအတွင်းလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင်ပဲနို့အာဟာရတိုက်ကျွေးနိုင်ရေးအတွက်(၃၀.၉.၂၀၁၇)ရက်နေ့တွင်ပဲနို့စက်(၁၁)လုံးနှင့်ဆက်စပ်ပစ္စည်းများ၊(၁) လစာကုန်ကြမ်းပစ္စည်းများကိုရွှေပါရမီပဲနို့အဟာရဖောင်ဒေးရှင်း ဥက္ကဌကပေးအပ်လှူဒါန်း ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ပဲနို့စက်များ အသုံးပြုပုံ နည်းပညာနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှိ သင်တန်းကျောင်းနှင့် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ဖောင်ဒေးရှင်း ရုံးခွဲများ၌ သင်တန်းများပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါ ဖောင်ဒေးရှင်းသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ပဲနို့အာဟာရတိုက်ကျွေးခြင်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မူလတန်းကြိုကျောင်းများ၊ အခြေခံ ပညာကျောင်းများ၊ ဘိုးဘွားရိပ်သာနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် (၁)ပတ်လျှင် (၁)ကြိမ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသထွက် ပဲပုတ်ကိုဝယ်ယူကာ ဘုန်းတော်ကြီးသင်ကျောင်း များ၊ မူလတန်းကြိုကျောင်းများ၊ အခြေခံပညာကျောင်းများတွင် (၁)ပတ်လျှင် (၃)ကြိမ် တိုက်ကျွေးလျက်ရှိရာ အာဟာရပြည့်ဝရေးကို အထောက်အကူပြုသည့်အပြင် ဒေသခံများသည် ပဲပုတ်ပဲကို ပိုမိုတွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ၎င်းဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖော်ဆောင် ပေးနိုင်လျက် ရှိပါသည်။

အဆိုပါ ပဲနို့အာဟာရတိုက်ကျွေးခြင်းသည် ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒများနှင့်လည်း ကိုက်ညီသည့်အပြင် ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ် (၈)ရပ်ပါ လုပ်ငန်း (၁)ရပ်ဖြစ်သည့် ကျောင်းတွင်းအာဟာရတိုက်ကျွေးခြင်း၏ အစပျိုးလုပ်ငန်းစဉ် (၁)ရပ်လည်းဖြစ်ပြီးဝန်ကြီးဌာနအနေဖြင့်ပဲနို့အာဟာရတိုက်ကျွေးခြင်းနှင့်စပ်လျဉ်း၍သုတေသနလုပ်ငန်းတစ်ရပ်ကို လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter