၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

 

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၂

၂၀၁၇ ခုနှစ်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကို(၁.၁၀.၂၀၁၇)ရက်နေ့၊ နံနက်(၀၉း၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။

အခမ်းအနားတွင်အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကဘိုးဘွားတို့၏လူမှုဘ၀ အားအထောက်အပံ့ဖြစ်စေရန်နှင့်၎င်းတို့အတွက်သေချာသောမျှော်မှန်းဝင်ငွေပုံမှန်ရရှိစေရန် ရည်ရွယ်၍တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိအသက်၉၀နှစ်နှင့်အထက်ဘိုးဘွားများကို၂၀၁၇၂၀၁၈ဘဏ္ဍာရေးနှစ်ကစပြီးနိုင်ငံတော်ရန်ပုံငွေမှလူမှုရေးပင်စင်ထောက် ပံ့ပေးခဲ့ ပါကြောင်း၊ ဘိုးဘွားပေါင်း ၃၉၄၄၀ ဦးရရှိခံစားနေပြီဖြစ်ပါကြောင်း၊ နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ထောက်ပံ့ပေးသည့် ဘိုးဘွားအသက်အား လျှော့ချပြီးဘိုးဘွားဦးရေ ပိုမို ထောက်ပံ့သွားရန် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံသည်အခြားသောအရှေ့တောင်အာရှနိုင်ငံများနည်းတူသက်ကြီးရွယ်အိုဦးရေတိုးတက်မှုနှုန်းသည်အလျင်အမြန်ပြောင်းလဲလျက်ရှိ ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ ခန့်မှန်းခြေလူဦးရေ စာရင်းအရ မိမိတို့နိုင်ငံ၏ စုစုပေါင်း လူဦးရေ ၅၃ သန်းခန့်အနက် ၄ ဒသမ ၉ သန်း (၉ ဒသမ ၂)ရာခိုင်နှုန်း သည် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများဖြစ်ကြပါကြောင်း၊ တစ်နည်းအား ဖြင့် လူ ၁၁ ဦး တွင် ၁ ဦးသည် သက်ကြီးရွယ်အိုဘဝကို ရောက်ရှိနေကြပြီဟု ဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးမြှင့် စောင့်ရှောက်နိုင် ရေးသည် အထူးလိုအပ်လျက်ရှိပါ ကြောင်း။

မြန်မာနိုင်ငံတွင် နိုင်ငံတကာသက်ကြီးရွယ်အိုစောင့်ရှောက်မှု နည်းစနစ်များထဲမှ စေတနာ့ဝန်ထမ်းဘိုးဘွားရိပ်သာများထူထောင်သည့်နည်းစနစ်ကို ၁၉၁၅ ခုနှစ် ကတည်းကစတင်ဆောင်ရွက်ခဲ့ပြီး နှစ်ပေါင်း တစ်ရာကျော်လာပြီဖြစ်ပါကြောင်း၊ တစ်နိုင်ငံ လုံးရှိ အသိအမှတ်ပြုပြီး ဘိုးဘွားရိပ်သာ ၈၂ ခုတွင် ဘိုးဘွား ပေါင်း ၂၇၀၀ ကျော်ကို လက်ခံစောင့်ရှောက်ပေးထားပြီး နိုင်ငံတော်အနေဖြင့် အဆိုပါ ဘိုးဘွားရိပ်သာများသို့ ဆန်ဖိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ်နှင့်ဂေဟာမှူးလစာတို့ကိုဘဏ္ဍာရေးနှစ်အလိုက်ခေတ်ကာလနှင့်အညီတိုးမြှင့်ထောက်ပံ့ပေးလျက်ရှိ ပါကြောင်း။

သက်ကြီးရွယ်အိုများအတွက်ရိပ်သာအခြေပြုစောင့်ရှောက်ရေးလုပ်ငန်းနှင့်လုံလောက်မှုမရှိသည့်အတွက်ရပ်ရွာအခြေပြုသက်ကြီးရွယ် အိုစောင့်ရှောက်ရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ်အိမ်တိုင်ရာရောက်သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကစပြီး အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်း၍ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များကို တိုင်းဒေသကြီး၊ ပြည်နယ် ၅ ခုရှိ ကျေးရွာပေါင်း ၁၂၅ ရွာတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာကို အခြားသော လူမှုရေးအဖွဲ့အစည်းများ လိုက်ပါလုပ်ဆောင်နိုင်ရန် စံနမူနာ တစ်ခုအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန က ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး စောင့်ရှောက်မှု နည်းလမ်းသစ်တစ်ခုကို မိတ်ဆက် ဆောင်ရွက်ခဲ့ပါကြောင်း။

သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူသင်တန်းကိုလည်း ရန်ကုန်မြို့ သက်ကြီးရွယ်အို များနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာတွင် သင်တန်းအမှတ်စဉ် ၅ အထိ ဖွင့်လှစ်ခဲ့ပြီး လူငယ်များအလုပ် အကိုင်ရရှိရေးကိုပါ win win approach အနေဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အတွက် ကုလသမဂ္ဂက ချမှတ်ပေးထားသည့် ဦးတည်ချက်ဆောင်ပုဒ်မှာ “သက်ကြီး သူတို့ စွမ်းဆောင်အား၊ ရပ်ရွာအတွင်းအလေးထား၊ အနာဂတ်အတွက် ခြေလှမ်းများ” ဖြစ်ပါ ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ခွဲခြားဆက်ဆံမှု ကင်းဝေးပြီး ဘေးကင်း လုံခြုံစိတ်ချရသည့် ပတ်ဝန်း ကျင်ကောင်းရရှိအောင် ဖန်တီးဆောင်ရွက်ပေးကြရန်နှင့် ပိုမိုသာယာလှပသော လူမှုပတ်ဝန်းကျင်ဖြစ်စေရန် ဘိုးဘွားများ၏ စွမ်းဆောင်ရည်များ ကိုမြှင့်တင်ကာ လူမှုပတ်ဝန်းကျင်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်နိုင်ရေး လက်ကမ်းကြိုဆိုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကပေးပို့သည့် သဝဏ်လွှာ ကို UNFPA ဌာနေ ကိုယ်စားလှယ် မစ္စ ဂျဲနက်ဂျက်ဆင်က ဖတ်ကြားသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၂၀ ကို ပေး အပ်ရာ အဘိုးအဘွားများကိုယ်စား အဘိုး ဦးအေးသိန်းက လက်ခံသည်။

ထို့နောက် သက်ကြီးသူချင်းကူညီစောင့်ရှောက်မှုအဖွဲ့မှ အဖွဲ့ဝင် အဘွားဒေါ်နော်မော်ထူးက ရပ်ရွာ အခြေပြုသက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများကအခမ်းအနားသို့ တက်ရောက်သော အဘိုးအဘွားများအတွက် ဆေးဝါးပစ္စည်းနှင့် အလှူငွေများ ပေးအပ်ကြသည်။ (သတင်းစဉ်)

 

 

 

 

 

 

FacebookTwitter