လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးလာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၁၀

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား
 မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes သည်(၁၀.၁၀.၂၀၁၇)ရက်နေ့တွင်အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

          နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာကူညီမှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအားအကောင်အထည်ဖေါ်ရေးတွင်နော်ဝေနိုင်ငံမှအကူအညီပေးလိုမှုနှင့်အကြံပြု ချက်များအား ရေရှည်အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင်နိုင်ငံတကာအသိုက်အဝိုင်းမှပူးပေါင်းပါဝင်လိုမှု၊ရခိုင်ဒေသရှိပြည်သူများ၏
လုံခြုံရေးနှင့်အကာအကွယ်ပေးရန်လိုအပ်မှုအခြေအနေများ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ရောက်ရှိလာမည့်ဒုက္ခသည်များဘေး
ကင်းလုံခြုံစွာပြန်လည်လက်ခံရေးတွင်နော်ဝေနိုင်ငံမှအကူအညီပေးရေးကိစ္စရပ်များ၊နိုင်ငံတကာအသိုက်အဝန်းမှလူသားချင်းစာနာ

 

မှုလုပ်ငန်းဆောင်ရွက်သူများအား ခွင့်ပြုရန် ကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော လျှပ်စစ်ဓါတ်

 

အားဖြန့်ဖြူးရေးနှင့်လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များ၊ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်နေရာချထားရေး

လုပ်ငန်းများအားဥပဒေနှင့်အညီဆောင်ရွက်သွားမည့်ကိစ္စများ၊သက်မွေးဝမ်းကြောင်း၊ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ

တိုးတက်အောင်ဆောင်ရွက်ရေးကိစ္စရပ် များဆွေးနွေးပြီးမြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်များတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှဆက်လက် ကူညီနိုင်ရေး ကိစ္စများဆွေးနွေးခဲ့ကြပါသည်။

 

 

FacebookTwitter