လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုှုဝန်ထမ်းဦးစီးဌာန နှင့် United Nations Office on Drugs and Crime (UNODC) အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခြင်း

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၁၀

 (၁၀.၁၀.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့်  United Nations Office on Drugs and Crime (UNODC) အဖွဲမှ  Crime Prevention Expert ဖြစ်သူ   Ms. Gloria Kay Laycock  နှင့် အဖွဲ့ဝင် (၃)ဦးတို့နှင့်တွေ့ဆုံ၍ crime prevention strategy အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော  လူမှုှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးဆောင်ရွက်နေသော ကုလသမဂ္ဂကွန်ဗင်းရှင်း UNCRC၊ UNCEDAW၊ UNCRPD အကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုများအတွက် Helpline ထားရှိဆောင်ရွက်မှု၊ Safe House နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

FacebookTwitter