ပထမအကြိမ်အထူးကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးများ(ဉာဏ်ရည်မသန်စွမ်း)အားပြုစုစောင့် ရှောက်ရေးအခြေခံဆရာဖြစ်သင်တန်းဖွင့်လှစ်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၁၁        

လူမှုဝန်ထမ်းဦးစီးဌာနနှင့်University  of   Wolverhamptom( UK)With  Love  All  Things Are Possible Charity (UK))နှင့်မြန်မာနိုင်ငံအထူးပညာရေအသင်းတို့မှပူးပေါင်းစီစဉ်ကျင်းပသောတနင်္သာရီတိုင်းဒေသကြီးပထမအကြိမ်အထူးကာကွယ် စောင့်ရှောက်ရန်လိုအပ်သောကလေးများ(ဉာဏ်ရည်မသန်စွမ်း)အားပြုစုစောင့်ရှောကရေးအခြေခံဆရာဖြစ်သင်တန်းအား (၁၁.၁၀.၂၀၁၇)ရက်နေ့၊နံနက်(၈း၃၀)နာရီတွင်လူမှုဝန်ထမ်းဦးစီးဌာန၊ထားဝယ်မူလတန်းကြိုကျောင်း၌ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးမှလုပ်ငန်းဆိုင်ရာရှင်းလင်းတင်ပြခြင်းနှင့်မြန်မာနိုင်ငံအထူးပညာရေး အသင်းအတွင်းရေးမှူးမှသင်တန်းနှင့်ပက်သက်၍ရှင်းလင်းတင်ပြခြင်း များဆောင်ရွက်ခဲ့ကြပါသည်။

 

FacebookTwitter