ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Tateshi Higuchi နှင့် ဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Andrew Patrick တို့က လာရောက်တွေ့ဆုံ

 နေပြည်တော်  ၊၂၀၁၇၊အောက်တိုဘာ၁၃   

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီးH.E.Mr.TateshiHiguchiနှင့်ဗြိတိန်နိုင်ငံသံရုံးမှသံအမတ်ကြီးH.E.Mr.AndrewPatrickတို့မှ(၁၂.၁၀.၂၀၁၇)ရက်နေ့၌ အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမတွင်သီးခြားစီလာရောက် တွေ့ဆုံပါသည်။

 

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း  အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေသည့် လူသားချင်းစာနာမှုလုပ်ငန်းများ၊ ရခိုင် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ နားလည်မှုလွဲမှားကာ ဝေဖန်နေသည့်ကိစ္စများ၊ လိုအပ်သော လူသားချင်းစာနာမှုအကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်နယ်အစိုးရ၊ တပ်မတော်နှင့်ပြည်ထောင်စု အစိုးရတို့ပူးပေါင်း၍ ထောက်ပံ့ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ Red Cross Movement (RCM)၏ ဒေသတွင်း သွားရောက်ကူညီနေသည့်လုပ်ငန်းများ၊ မြန်မာပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအင်အားနှင့်အတူ လူသားချင်းစာနာကူညီမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည့်ကိစ္စများ၊ ကျေးရွာများ ပြန်လည် တည်ဆောက်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် နိုင်ငံတော်အဆင့်စီမံကိန်းများ ချမှတ်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ မကြာမီစတင်မည့်ကိစ္စများ၊ ရခိုင်အကြံပေး ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံမှ ပူးပေါင်းပါဝင်ကူညီ ပေးမည့်ကိစ္စများ၊ နေရပ်စွန့်ခွာရွှေ့ပြာင်းသူများအတွက်နိုင်ငံတော်မှထိထိရောက်ရောက်ဆောင်ရွက်နေသောအကူအညီပေးရေးလုပ်ငန်းများအား သိရှိပြီး ဂျပန်နိုင်ငံအနေဖြင့် အပြည့်အဝ နားလည်၍ မြန်မာနိုင်ငံအား ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း၊ ရခိုင်အရေးနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံအား နည်းပညာဆိုင်ရာ အကူအညီ အထောက်အပံ့နှင့် အခြားလိုအပ်သော အကူအညီများပေးမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

 

FacebookTwitter