စိတ်လူမှုရေးဆိုင်ရာပံ့ပိုးကူညီမှု ၊ ကလေးပျော်နေရာများဖန်တီးပေးမှုနှင့်ထိခိုက်လွယ် အုပ်စုများအလိုက် လူမှုအကူအညီထောက်ပံ့ပေးမှုအခြေအနေ

ရခိုင်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၁၆          ရခိုင်ပြည်နယ်မောင်တောဒေသနှင့်ရသေ့တောင်မြို့နယ်တို့တွင်(၂၅.၈.၂၀၁၇)ရက်နေ့၌ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏တိုက်ခိုက် မှုကြောင့်စစ်တွေမြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်တော်မြို့နယ် နှင့် မြောက်ဦးမြို့နယ် တို့တွင် ‌ခေတ္တခိုလှုံရာ ရောက်ရှိလျှက်ရှိသော တိုင်းရင်းသားပြည်သူများအား လူမှုဝန် ထမ်းဦးစီးဌာနမှ ကနဦးလိုအပ်ချက်များကို စာရင်းကောက်ယူခြင်း ၊ စိတ်လူမှုရေး ဆိုင်ရာပံ့ပိုးကူညီမှုပေးခြင်း အသက်အရွယ်အလိုက်ကလေးပျော်နေရာများဖန်တီးပေးခြင်းနှင့်ထိခိုက်လွယ်အုပ်စုများဖြစ်သည့်မသန်စွမ်းသူ(၁)ဦး လျှင်ငွကျေပ်(၂၀၀၀၀ိ/-)နှုန်း ၊ ကိုယ်ဝန်ဆောင်မိခင် (၁)ဦးလျှင် ငွေကျပ် (၂၀၀၀၀ိ/-)နှုန်းအသက်(၂)နှစ်အောက်ကလေး(၁)ဦးလျှင်ငွေကျပ်(၁၀၀၀၀ိ/-)နှုန်း၊အသက်(၆၀)နှစ်နှင့်အထက် အဘိုးအဘွား (၁)ဦးလျှင် ငွေကျပ်  (၂၀၀၀၀ိ/-)နှုန်း ၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၊ ဆေးရုံးတက်ဆေးဝါး ကုသသူ ကျားမ(၁)ဦးလျှင်ငွေကျပ် (၁၀၀၀၀၀ိ/-)နှုန်းနှင့်ကျန်းမာရေးနှင့်အခြားလိုအပ်လျှက်ရှိသောကလေး(၁)ဦးလျှင်(၅၀၀၀၀ိ/-)နှုန်းထောက်ပံ့ပေးလျှက်ရှိပါသည်။ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့်လူမှုဝန်ထမ်းဦးစီးဌာနနေပြည်တော်တို့မှအဖွဲ့၂)ဖွဲ့ဖြင့်ဆောင်ရွက်လျှက်ရှိရာတွင် (၄.၁၀.၂၀၁၇)ရက်နေ့အထိ မသန်စွမ်းသူ (၇၉)ဦး ၊ ကိုယ်ဝန်ဆောင်မိခင်ဦးရေ(၈)ဦး၊(၆၀)နှစ်နှင့်အထက် ဘိုး/ဘွားဦးရေ (၄၄၅)ဦး၊ ကျန်းမာ ရေးချို့တဲ့သော(၁၈)နှစ်အောက်ကလေး(၁၂)ဦး၊ အသက်(၂)နှစ်အောက် ကလေး(၄၀၅) ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၅)ဦး ၊စုစုပေါင်း (၁၀၂၇)ဦးတို့အား စုစုပေါင်းငွကျေပ် (၁၇၂၅၀၀၀၀ိ/-)( ကျပ်တစ်ရာခုနှစ်ဆယ့်နှစ်သိန်းငါးသောင်းတိတိ)အား ထောက်ပံ့ပေး နိုင်ခဲ့ပါသည်။

 

FacebookTwitter