ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများပေးအပ်

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ၁၆

           ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဒေါက်တာ ကောင်းမြတ်ကွယ်လွန်ခြင်း (၆)နှစ်ပြည့် အဖြစ် လှူဒါန်းငွေ ကျပ်သိန်း(၂၀)အားလည်းကောင်း၊FutureGreenပရဟိတလူငယ်များအသင်းကလှူဒါန်းငွေကျပ်(၁၀)သိန်းကိုလည်းကောင်းအဆိုပါရုံးခွဲသို့ (၁၄.၁၀.၂၀၁၇)ရက်နေ့တွင်လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

           ယမန်နေ့(၁၃.၁၀.၂၀၁၇)ရက်နေ့ကလည်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့နေ ဦးဝင်းမြင့်+ဒေါ်ဌေးဌေးအေး သားသမီးမြေးမြစ်တစ်စု၏ ထောက်ပံ့ကူညီမှု ကျပ်ငွေ (၅)သိန်းကိုလည်း လက်ခံရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter