အပြည်ပြည်ဆိုင်ရာမျက်မမြင် လမ်းလျှောက်တုတ်နေ့အခမ်းအနားကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ၁၆

၂၀၁၇ခုနှစ်၊အောက်တိုဘာလ(၁၅)ရက်နေ့တွင်ကျရောက်သောအပြည်ပြည်ဆိုင်ရာမျက်မမြင်လမ်းလျှောက်တုတ်နေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုှုဝန်ထမ်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့်Mili(မကွေး)တို့ ဦးဆောင်ကျင်းပပြု လုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့မှ ဦးဆောင်၍ မကွေးမြို့ ကန်သာယာလမ်း၊ အထက(၄)မှ ပြည်တော်သာလမ်း ၊ အလက(၁၀) ထိ စုပေါင်းလမ်းလျှောက်ကြပါသည်။

          လမ်းလျှောက်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် မသန်စွမ်းသူ (၇၀)ဦး ၊ ပံ့ပိုးကူညီသူ(၅၀)ဦး ၊ စည်ဖြိုးသူဖောင်ဒေရှင်း၊ မကွေးပရဟိတအဖွဲ့၊ ရွှေရောင်လက်ပရဟိတအဖွဲ့မှ အဖွဲ့ဝင်များဖြင့် စုစုပေါင်းအင်အား(၂၀၀)ဦး စုပေါင်းလမ်းလျှောက်ကြပါသည်။

FacebookTwitter