လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် (၁၃)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတက်ရောက်ဖွင့်လှစ်

 ရန်ကုန်၊၂၀၁၇၊အောက်တိုဘာ၁၉               မြန်မာနိုင်ငံမှအလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသည့်လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲကို (၁၈.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ဖွင့်လှစ် အမှာစကား ပြောကြားပါသည်။

          ယင်းသို့ပြောကြားရာတွင် အာဆီယံနိုင်ငံအစိုးရများ၏ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များအတွက် ယခု အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသည် များစွာအရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံအလိုက်နှင့်အာဆီယံဒေသတွင်းအဆင့်လုပ်ငန်းများနှင့်ဆောင်ရွက်လိုသည်များကိုအတည်ပြုနိုင်ရေး အတွက် ညှိနှိုင်းခြင်း၊ သုံးသပ်ခြင်းနှင့်ဝန်ကြီးများအဆင့်အစည်းအဝေးတွင် ဆုံးဖြတ်ရန်ရှိသည်များကိုပြုလုပ်ပြင်ဆင် ဆောင်ရွက်ကြရတာဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံအတွင်း လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့်ဥပဒေ၊နည်းဥပဒေများ၊လူငယ်မူဝါဒရေးဆွဲဆောင်ရွက်နေမှုများ၊အားလုံးအကျုံးဝင်သော လူမှုကာကွယ်စောင့်ရှောက်ရေးကိုအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကြိုးစားဆောင်ရွက်နေမှုများကိုပြောကြားပြီး အစည်းအဝေးတက်ရောက်သည့်အာဆီယံနိုင်ငံအသီးသီးမှကိုယ်စားလှယ်များအားအာဆီယံအသိုက်အဝန်းတစ်ခုလုံး၏ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပြောကြားဖို့ တိုက်တွန်းပြောကြား ခဲ့ပါသည်။

အစည်းအဝေးသို့အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများ၊အာဆီယံ(၁၀)နိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့်ပြည်တွင်းဆက်စပ်အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ် များ (၇၀)ဦး တက်ရောက်ခဲ့ဲကြပါသည်။

          ထိုမှတဆင့်ဒုတိယဝန်ကြီးသည်တာဝန်ရှိသူများလိုက်ပါလျက်ရန်ကုန်မြို့၊အမှတ်(၆၄)၊ကမ္ဘာအေးဘုရားလမ် းနှင့် ပါရမီလမ်းထောင့်ရှိ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဝင်းအတွင်းဖွင့်လှစ်မည့် ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်း အဆာက်အဦသစ် အတွင်း ပြင်ဆင်ထားသော အားကစားခန်း၊ အသက်မွေးဝမ်းကြောင်းသင်တန်းခန်း၊ ထမင်း စားခန်း၊ မီးဖိုဆောင်နှင့် အိပ်ဆောင်အတွင်း ခင်းကျင်းထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါ သည်။

          အဆိုပါစခန်းတွင် (၂၃-၁၀-၂၀၁၇)ရက်နေ့မှ (၂၇-၁၀-၂၀၁၇)ရက်နေ့အထိဖွင့်လှစ်မည့် စေတနာ့ဝန်ထမ်း မူယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်ရန်နှင့်စခန်းအခြေပြုမူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးသင်တန်းတွင် သင်တန်းသား လက်ခံစောင့်ရှောက်နိုင် ရေးအတွက် လိုအပ်သည်များ မှာကြား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

 

         

         

FacebookTwitter