မိုင်းအသိပညာပေးလုပ်ငန်းအဖွဲ့၏(၁၁)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ကချင်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ၊၁၉

(၁၇.၁၀.၂၀၁၇)ရက်နေ့ ၊နံနက်(၀၉း၀၀)နာရီတွင် မြစ်ကြီးနားမြို City Park Royal ၌ မိုင်းအသိပညာပေးလုပ်ငန်းအဖွဲ့၏  (၁၁ ) ကြိမ်မြောက်     လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ကချင်ပြည်နယ် အစိုးရအဖွ့ဲ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ခေတ္တ ပြည်နယ်ဦးစီးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသောလက်ထောက်ညွန်ကြားရေးမှူးဦးသန်းထွန်အောင်မှလူမှုဝန်ထမ်းဦးစီးဌာန၏လုပ်ငန်းများနှင့်ပက်သက်၍လည်းကောင်း၊        UNICEF အဖွဲ့တာဝန်ခံ ဦးကျော်ဝင်းဦးမှ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းကြောင်အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်အဆင့်၊ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊လွှတ်တော်ကိုယ်စားလှယ်နှင့်NGOအဖွဲ့အစည်းများ၊ဖိတ်ကြားထားသူများ စုစုပေါင်း(၇၄)ဦး တက်ရောက်ခဲ့ပါသည်      

FacebookTwitter