ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအခြေခံ သင်တန်းကျင်းပဖွင့်လှစ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ၂၇

လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍(၂၃.၁၀.၂၀၁၇)ရက်နေ့မှ(၂၅.၁၀.၂၀၁၇)ရက်နေ့အထိကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအခြေခံသင်တန်းဖွင့်လှစ်ကျင်းပခဲ့ပြီး သင်တန်းတွင် CRCနှင့် Child Lawပေါ်ပေါက်လာပုံ၊ကလေးသူငယ် ဥပဒေ CRC အခြေခံမူအခွင့်အရေး လူကုန်ကူးမှုဥပဒေ၊ လမ်းပေါ်နေကလေးသူငယ်များအခြေအနေ case management နှင့်သက်ငယ်မုဒိမ်း စသည့်သင်ခန်းစာများကိုလူမှုဝန်ထမ်းဦးစီးဌာန၊သင်တန်းကျောင်း၊ကျောင်းအုပ်များမှပို့ချခဲ့ပါသည်။အဆိုပါသင်တန်းသို့ဂေဟာများနှင့် ပရဟိတကျောင်းများတွင်တာဝန်ထမ်းဆောင်နေသောစေတနာ့ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

FacebookTwitter