မီဒီယာနှင့်ဆက်သွယ်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပဆောင်ရွက်ခြင်း

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၃၁

        လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနနှင့်အရပ်ဘက် လူမှုရေးအဖွဲ့အစည်းဖြစ်သော Internewsတို့ပူးပေါင်း၍Media and Communications Workshopမီဒီယာနှင့်ဆက်သွယ်ရေးအလုပ်ရုံဆွေးနွေးပွဲကိုနေပြည်တော်၊လူမှုဝန်ထမ်း ဦးစီး ဌာန၊အစည်းအဝေးခန်းမ၌ (၃၀.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်း တွင်ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲသည်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်အစိုးရဌာနဆိုင်ရာများနှင့်ပြည်သူလူထုအကြားမီဒီယာကိုအသုံးပြု၍လုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီးအလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများအနေဖြင့်မိမိတာဝန် ယူဆောင်ရွက်နေသောလုပ်ငန်းနယ်ပယ်များအားပြည်သူလူထုထဲထဲဝင်ဝင်သိရှိအောင်မီဒီယာနှင့်စပ်လျဉ်းသည့်ကျင့်ဝတ်များ၊စည်းမျဉ်းများ၊နည်းစနစ် များ၊ လုပ်ထုံးလုပ် နည်းများ၊အသိပညာများ၊စွမ်းရည်များရရှိနိုင်မည်ဖြစ်ပါသည်။

          ယင်းမီဒီယာအလုပ်ရုံဆွေးနွေးပွဲကို၂၀၁၇ခုနှစ်၊အောက်တိုဘာ(၃၀)ရက်နေ့မှ(၃၁)ရက်နေ့အထိကျင်းပလျက်ရှိပြီးဝန်ကြီးဌာနအတွင်းရှိလက်တွေ့ လုပ်ငန်းဆောင်ရွက်နေသောဝန်ထမ်း(၃၀)ဦးတို့တက်ရောက်လျက်ရှိပါ သည်။

         

FacebookTwitter