UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၆

          ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏  လုပ်ငန်းများဆောင်ရွက်ရန်အတွက် (၃၁-၁၀-၂၀၁၇)ရက်နေ့တွင် Community and Family Services International (CFSI) အဖွဲ့က အမေရိကန်ဒေါ်လာ (၁)သောင်းနှင့်ညီမျှသော မြန်မာငွေကျပ် (၁၃၄၉၅၀၀၀)ကို လည်းကောင်း၊ ၁-၁၁-၂၀၁၇ ရက်နေ့တွင် ဒေါ်တင်မိုးလွင်က ငွေကျပ်သိန်း(၁၀၀)၊ ပဲခူး သာသနာနယ်က ငွေကျပ်(၁၀)သိန်း၊ သုဝဏ္ဏရန်ကုန်သစ် အသင်းတော်ကငွေကျပ် (၁၀)သိန်း၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်များ အဖွဲ့ချုပ်က ငွေကျပ်သိန်း(၃၀) ကိုလည်းကောင်း နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသို့လာရောက်လှူဒါန်းရာ UEHRDဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter