ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၆          လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိကလေးပြုစုရေးဌာန၊မန္တလေးမြို့တွင်ပြုစုစောင့်ရှောက်လျက်ရှိသောရင်သွေးငယ်ကလေးများသည်တာဝန်ရှိ ဝန်ထမ်းများကြီးကြပ်မှုဖြင့်(၃.၁၁.၂၀၁၇)ရက်နေ့၊တန်ဆောင်းမုန်းလပြည့်နေ့၌ မန္တလေးမြို့၊အောင်တော်မူဆုတောင်းပြည့်ဘုရားသို့သွားရောက်၍ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊အလှူငွေများထည့်ဝင်လှူဒါန်းခြင်းနှင့်လိပ်/ငါးများအားအစာကျွေးခြင်းစသည့်ကုသိုလ်ကောင်းမှုမျာပြုလုပ်ခဲ့ကြပြီး ဆုတောင်းမေတ္တာပို့ အမျှပေးဝေခဲ့ကြပါသည်။ကလေးငယ်များအားဘုရားမှစတုဒီသာမုန့်လုံးရေပေါ်များစတုဒီတာကျွေးမွေးခဲ့ကြပါသည်။

 

FacebookTwitter