UEHRD၏လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံး(ရုံးခွဲ)မှ Minister Counsellor ဖြစ်သူMr. Johan Hallenborg မှလာရောက်တွေ့ဆုံ

 နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၁၄

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးမှMinister Counsellorဖြစ်သူMr.Johan Hallenborg က(၁၀.၁၁.၂၀၁၇)၊ရက်နေ့။နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါ သည်။

ယင်းသို့တွေ့ဆုံရာတွင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ပြန်လည်နေရာချထားရေး၊ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအတွက်ဖွဲ့စည်းထားသည့်UEHRDနှင့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့အကြားမည်သို့ဆက်စပ်မှုရှိသည်ကိုသိလိုပါကြောင်း၊နိုင်ငံတော်အစိုးရ၏ကြိုးပမ်းမှုများကို နားလည်ပြီးဆွီဒင်နိုင်ငံအနေဖြင့်ကူညီပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသောနိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်း လျက်ရှိပြီး ရေတိုရေရှည်စီမံကိန်းများဖြင့်မြန်မာနိုင်ငံအားကူညီပေးလိုကြောင်းပြောကြားပြီးနိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူ များအတွက်ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊UEHRD၏လုပ်ငန်းများနှင့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏လုပ်ငန်းများအားဆွေးနွေးမေးမြန်းပြီးပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်ရှိအရေးကိစ္စများ ကို စနစ်တကျကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသော သက်ဆိုင်ရာကော်မတီများ၏ လုပ်ငန်းများ၊ ရခိုင် ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်နေသည့် ကိစ္စများ၊ လူသားချင်းစာနာထောက်ထားသောအကူအညီများ ကူညီရေးလုပ်ငန်းများ၊ ပြန်လည် နေရာချထားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နေသော UEHRD ၏ လုပ်ငန်းများ၊ လူငယ်မူဝါဒ ရေးဆွဲအတည်ပြုပြီး အဆိုပါမူဝါဒအား စတင် အကောင်အထည်ဖော်သည့်အနေဖြင့် စေတနာ့ဝန်ထမ်းလူငယ်များ၏ အကူအညီဖြင့် ရခိုင် ပြည်နယ်တွင် ပဋိပက္ခဒါဏ်ခံရသူများအား လူသားချင်းစာနာမှုအကူအညီအထောက်အပံ့များ ဖြန့်ဝေမှု စတင်နေသည့်လုပ်ငန်းများ၊ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လိုသူများအားလက်ခံရန်အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်မြန်မာနိုင်ငံသဘောတူညီမှုများချမှတ်နိုင်ရေး ဆွေးနွေးနေသည့်ကိစ္စများ၊ ပြန်လည်နေရာချထားရေးအတွက် ပြဌာန်းထားသော တည်ဆဲ ဥပဒေများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပိုမိုကောင်းမွန်သော လူနေမှုဘ၀ တည်ဆောက်မည့်ကိစ္စများ၊ စီးပွားရေးလုပ်ငန်းရှင်အသင်းများ ပေါင်းစည်း၍ အဆိုပါဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီနေသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

 

 

FacebookTwitter