လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် JICA Myanmar Office မှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေး

 နေပြည်တော်၊၂၀၁၇။နိုဝင်ဘာ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား JICA Myanmar Office မှ Senior Representative ဖြစ်သူ Mr. Jun YAMAZAKI ဦးဆောင်သောအဖွဲ့က (၁၀.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင်JICAနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နေသည့်လုပ်ငန်းများ၏တိုးတက်မှုများ၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များအကောင်အထည်ဖော်ရာတွင်ဦးစားပေးအစီအစဉ်နှင့်လုပ်ငန်းဒေသသတ်မှတ်မည့် ကိစ္စများဆွေးနွေးမေးမြန်းရာဒုတိယဝန်ကြီးကရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ယင်းသို့ဆောင်ရွက်ရာတွင်လက်ငင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ရေတိုရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မည့်ကိစ္စများသတ်မှတ်၍ဆောင်ရွက်နေမှုများ၊UEHRDပြည်ထောင်စုစီမံကိန်း၏လုပ်ငန်းဆောင်ရွက်မှုများ၊ရခိုင်ပြည်နယ်မြောက်ပိုင်း တွင်လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ (၉)ဖွဲ့  ပူးပေါင်း၍ ဆောင်ရွက်မည့်ကိစ္စများ၊ ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန် စီမံကိန်းများချမှတ်ဆောင်ရွက်နေမှုများ နှင့် JICA အနေဖြင့် ပါဝင်ကူညီနိုင်မည့်နည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

 

 

 

 

FacebookTwitter