(UEHRD)၏လုပ်ငန်းများဆောင်ရွက်ရန်အတွက်မြန်မာနိုင်ငံရှိခရစ်ယာန်အသင်းတော်များနှင့် အဖွဲ့အစည်းများက ပါဝင်ကူညီလှူဒါန်း

ရန်ကုန်၊ ၂၀၁၇၊နိုဝင်ဘာ ၁၄          ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီထောက်ပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုုးရေးစီမံကိန်း(UEHRD)၏လုပ်ငန်း များဆောင်ရွက်ရန်အတွက်(၁၁.၁၁.၂၀၁၇)ရက်နေ့တွင်မြန်မာနိုင်ငံရှိခရစ်ယာန်အသင်းတော်များနှင့်အဖွဲ့အစည်းများကလှူဒါန်းငွေကျပ် (၅၁၁၅၇၀၀၀ိ/)ကိုရန်ကုန်မြို့မြန်မာနိုင်ငံခရစ်ယာန်အသင်းအဖွဲ့ချုပ်အစည်းအ‌ဝေးခန်းမတွင်ပေးအပ်လှူဒါန်းရာခရစ်ယာန်အသင်းများမှ တာဝန်ရှိသူများကလှူဒါန်းခြင်းအကြောင်းရင်းကို ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား ရာတွင် (UEHRD) ၏လုပ်ငန်းများကို ဆောင်ရွက်ရာ၌  လူမျိုးဘာသာအဆင့်အတန်းမရွေး ပါဝင်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဘေးဒုက္ခရောက်သူများကို ကူညီလှူဒါန်းခြင်းသည် ဘာသာတရား အရ မွန်မြတ်ပြီး ယခုလို ပါဝင်လှူဒါန်းမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။          အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ပြည်ထောင်စုလွှတ်တော်နာယက၊အမျိုးသားလွှတ်တော်ဥက္ကဌမန်းဝင်းခိုင်သန်း၊ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက် ကြပါသည်။ 

မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည်UMFCCIတွင်ကျင်းပသည့်မြန်မာနိုင်ငံကိုယ်င်္ဂါမသန်စွမ်းသူများအသင်း၏(၁၅)နှစ်မြောက် (သလင်းရတု) နှစ်ပတ်လည် အခမ်းအနားသို့  တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် အစိုးရအဖွဲ့အနေဖြင့်  မသန်စွမ်းသူများ၏ လိုအပ်ချက် များကို အားတက်သရော ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ မသန်စွမ်းသူများဘက်ကလည်း ပူးပေါင်းပါဝင်ပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် လိုအပ်သောကော်မတီများကိုလည်း ဖွဲ့စည်းအတည်ပြုပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားပါသဖြင့် မသန်စွမ်းများ၏အခွင့်အရေး အပြည့်အဝရရှိပြီး လူ့ဂုဏ်သိက္ခာနှင့် ညီညွှတ်သည့် ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုများ ခံစားကြရမည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံ၏ဒေသ အချို့တွင် မိုင်းအန္တရာယ်ကြောင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူများရှိကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်လာသည်နှင့်အမျှ ထိုဒုက္ခများမှ ကင်းဝေးမည်ဖြစ်ပြီး  မသန်စွမ်းဖြစ်မှုကို လျော့ချနိုင်ပါကြောင်းနှင့်မသန်စွမ်းသူများ၏ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုအကောင်အထည်ဖော်ရာတွင် ထိရောက်သော  စီမံချက်များချမှတ်၍ ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားပြီး မသန်စွမ်းသုံးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

 

 

FacebookTwitter