မြန်မာနိုင်ငံအထူးပြုစုစောင့်ရှောက်ရန်လိုအပ်သောကလေးများအားပြုစုပျိုးထောင်လေ့လာသင်ကြား ပေးမည့်ဆရာများမွေးထုတ်ပေးသည့်အခြေခံဆရာဖြစ်သင်တန်းဖွင့်လှစ်ခြင်း

မွန်ပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ ၁၄

အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သောကလေးများအားပြုစုပျိုးထောင်သင်ကြားပေးမည့်ဆရာဆရာမများမွေးထုတ်ပေးသည့်သင်တန်းကို မွန်ပြည်နယ်မော်လမြိုင်မြို့၌(၁၄.၁၁.၂၀၁၇)ရက်နေ့တွင်ပြည်နယ် လူမှုဝန်ထမ်းရုံးနှင့်အင်္ဂလန်နိုင်ငံမှWith love All Things Are Possible Charity (UK)နှင့်မြန်မာနိုင်ငံအထူးပညာရေးအသင်းတို့မှပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။အဆိုပါသင်တန်းသို့လူမှုဝန်ထမ်းဌာနဦးစီးဌာနမှ ဝန်ထမ်းများ၊ပညာရေးဌာနမှဆရာမများနှင့်စိတ်ပါဝင်စားသူများစုစုပေါင်း(၆၅)ဦးခန့်တက်ရောက်ခဲ့ပြီးသင်တန်းကိုလူမှုရေးဝန်ကြီးဒေါက်တာ ထိန်လင်းတက်ရောက်၍အဖွင့်အမှာစကားပြောကြားပေးခဲ့ပါ သည် ။သင်တန်းကာလမှာ ၄ ရက်ဖြစ်ပါသည်။

 

FacebookTwitter