လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Centre for Humanitarian Dialogue မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr.Adam Cooper က လာရောက်တွေ့ဆုံ

 နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၁၅

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားဆွစ်ဇာလန်နိုင်ငံ အခြေစိုက်Centre for Humanitarian  Dialogueမှမြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖစ်သူMr.AdamCooperမှ(၁၄.၁၁.၂၀၁၇)ရက်နေ့ တွင် လာရောက် တွေ့ဆုံ ပါသည်။

ထိုသို့တွေ့ဆုံရာတွင် Centre for Humanitarian Dialogue အဖွဲ့၏ နောက်ခံသမိုင်းကြောင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းများအား ဒေသတွင်းဆောင်ရွက်နေသော ငြိမ်းချမ်း ရေးအထောက်အကူပြု လုပ်ငန်းများ၊ ငြိမ်းချမ်းရေးဆိုင်ရာ အကြံဉာဏ်များပေးသည့်ကိစ္စရပ်များ၊ စွမ်းရည်မြှင့်သင်တန်းများနှင့် ပဋိပက္ခကာကွယ် တားဆီးရေးလုပ်ငန်းများအားရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံးစည်းစည်းလုံးလုံး တိုးမြှင့်ဆောင်ရွက်နေမှုများ ကြောင့် မိမိတို့ အဖွဲ့အစည်းများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရန်တွန်းအားဖြစ်စေပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအား အထောက်အကူဖြစ်စေရန် အကူအညီများပေးလိုကြောင်း ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်စေသည့် ပင်မ အကြောင်းအရင်းအား ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ UEHRD တည်ထောင်ရေး လူသား ချင်းစာနာကူညီမှု၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ လူငယ်မူဝါဒအားရေးဆွဲထားပြီး အဆိုပါမူဝါဒအား အကောင်အထည်ဖေါ်မှုအနေဖြင့် စေတနာ့ဝန်ထမ်းလူငယ်များ၏အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများဆောင်ရွက်နေမှုများ၊ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူများအား လက်ခံနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်များနှင့်နိုင်ငံတော်အစိုးရမှပူးပေါင်းပြီးရခိုင်ပြည်နယ်အတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်နေမှုများ၊လူ့အဖွဲ့အစည်းအတွင်းတည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက်ရပ်ရွာတွင်းစကားဝိုင်းများကျင်းပမည့်ကိစ္စများ၊ဒီမိုကရေစီ အစိုးသစ်အနေဖြင့်ပွင့်လင်းမြင်သာမှု၊ယုံကြည်စိတ်ချရမှု၊တာဝန်ခံတာဝန်ယူမှုများနှင့်ပြည်သူလူထု၏ကီးမားသောမျှော်လင့်ချက်များကိုဖြည့်ဆည်း ရာတွင်    Centre for Humanitarian Dialogue အဖွဲ့ အနေဖြင့် ထောက်ပံ့ကူညီနိုင်မည့်နည်းလမ်းများအား အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter