(၂၈)နှစ်မြောက်အပြည်ပြည်ဆိုင်ရာကလေးသူငယ်အခွင့်ရေးများဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုပ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၇၊နိုဝင်ဘာ ၂၀

လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးနှင့်INGO/NGOများပူးပေါင်းဆောင်ရွက်ခဲ့သည့်(၂၈)နှစ်မြောက်အပြည်ပြည်ဆိုင်ရာကလေးသူငယ် အခွင့်ရေးများဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုပ်နေ့အထိမ်းအမှတ်အခမ်းအနားအား(၂၀.၁၁.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊မြို့နယ်/ရပ်ကွက်နှင့်ကျေးရွာများမှဖိတ်ကြားထားသူများနှင့်ကလေးများစုစုပေါင်းအင်အား (၄၈၀)ကျော်တက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင်ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးမှကလေးသူငယ်များ၏အခွင့်အရေးများ တာဝန် များကိုအသိပညာပေးဆွေးနွေးခဲ့ပြီးကလေးများမှအဆိုအက၊တေးသရုပ်ဖေါ်များဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

FacebookTwitter