ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အင်ဒိုနီးရှားသမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ H . E. Ms. Retno L.P Marsudi မှ လာရောက်တွေ့ဆုံ၍ UEHRD လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၂၀   

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားအင်ဒိုနီးရှား သမ္မတနိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးဖြစ်သူH.E.Ms.RetnoL.PMarsudiက(၁၉.၁၁.၂၀၁၇)ရက်နေ့၊ညနေပိုင်းတွင်အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင်အင်ဒိုနီးရှားသမ္မတနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးကရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့၏ လုပ်ငန်းရပ်များ နှင့်ပတ်သက်၍သိလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ညီအကိုမောင်နှစ်မ နိုင်ငံများဖြစ်သည့် အတွက်ပူးပေါင်း ဆောင်ရွက် လိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းမှှုများကိုနားလည်သဘောပေါက်ပါကြောင်း၊  မိမိတို့နိုင်ငံက မည်သည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်း ဆွေးနွေးမေးမြန်းပြီး ပြည်ထောင်စုဝန်ကြီးက UEHRD၏ ရည်ရွယ်ချက်(၃)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှှုများ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည်လက်ခံရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်နေမှှုများ၊ ပြန်လည် လက်ခံရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေများ၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပိုမိုကောင်းမွန်သော လူမှုစီးပွားဘ၀ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များ ၊ UEHRD၏ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့(၉)ဖွဲ့တို့က ပြန်လည်နေရာချထားရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှှုအခြေအနေများ၊ ဒေသအတွင်းလမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓါတ်အား စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်နေမှှုကိစ္စများ၊ UEHRD၏ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter