မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုုပ်နှစ်ပတ် လည်နေ့ အခမ်းအနားကျင်းပခြင်း

  မွန်ပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ ၂၀

မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုုပ်နှစ်ပတ်လည်နေ့အခမ်းအနားကို(၂၀.၁၁.၂၀၁၇)ရက်နေ့ တွင်လူမှုဝန်ထမ်းဦးစီးဌာန၊မော်လမြိုင်အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် မော်လမြိုင်မူလတန်းကြိုကျောင်းအမှတ်(၁)မှရင်သွေးငယ်မျးကဗိုလ်ရှုသဘင်သီချင်းဖြင့်အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီးမွန်ပြည်နယ် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လဲ့မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။၎င်းနောက်အဖွဲ့အစည်း များကိုယ်စား unicefမှကလေးကာကွယ်စောင့်ရှောက်ရေးအရာရှိဒေါ်မေဇံကျော်မှနှုတ်ခွန်းဆက်စကားပြောကြားပြီးကလေးငယ်များမှ တေးသီချင်းများဖြင့် တင်ဆက်ခဲ့ကြပါသည်။

 

FacebookTwitter