(၂၈)ကြိမ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၁          (၂၈)ကြိမ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားအား (၂၀.၁၁.၂၀၁၇)ရက်နေ့တွင်မကွေးတိုင်းဒေသကြီး၊မကွေးမြို့၊မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။          အဆိုပါအခမ်းအနားတွင်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှအဖွင့်အမှာစကာပြောကြားးပြီးစာစီစာကုံး၊ကဗျာ ၊ဆေးရောင်ခြယ်ဆုရသားငယ်သမီးငယ်များအားဆုများချီးမြှင့်ပေးခဲ့ပြီးအစိုးရမူလတန်းကြိုကျောင်း၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၊လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့်ကလေး ကွန်ယက်အဖွဲ့မှ သားငယ်သမီးငယ်များမှ တေးသရုပ်ဖော်များဖြင့် ကပြ ဖျော်ဖြေခဲ့ပါသည်။

FacebookTwitter