UNCRC Day အခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၁

လူမှုဝန်ထမ်းဦးစီးဌာန၊ဧရာဝတီတိုင်ဒေသကြီးလူမှုဝန်ထမ်းရုံးမှကျင်းပပြုလုပ်သည့်(၂၈)နှစ်မြောက်UNCR  CDayအခမ်းအနားအား (၂၀.၁၁.၂၀၁၇)ရက်နေ့တွင်ပုသိမ်မြို့၊အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)၊ရတနာတန်ဆောင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာဌာနဆိုင်ရာများ ၊အဖွဲ့အစည်းများနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီးတာဝန်ရှိသူများမှစာစီစာကုံး၊ကဗျာ၊ဆေးရောင်ခြယ်ဆုရသားငယ်သမီးငယ်များအား ဆုများချီးမြှင့်ပေးခဲ့ပြီးနောက် ကလေးများမှတေးသရုပ်ဖော်များဖြင့်ကပြဖျော်ဖြေခဲ့ပါသည်။ဆက်လက်၍ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် ပုဒုမ္မာလူမှုရေးအဖွဲ့INGOs၊NGOsများပူးပေါင်း၍မူကြိုကလေးငယ်များ၊ပုသိမ်ကလေးပြုစုရေးဌာနမှကလေးငယ်များပရဟိတဂေဟာမှကလေးများ ၊နှင့်အခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများနှင့်စုပေါင်း၍ဂိမ်းများဖြင့်ပျော်ရွှင်စွာကစားခဲ့ကြပါသည်။
 

FacebookTwitter