(၂၈)ကြိမ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၂၁          (၂၈)ကြိမ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်နှစ်ပတ်လည်နေ့အကြိုပဒေသာကပွဲနှင့်ပျော်ပွဲရွှင်ပွဲများကို (၁၉.၁၁.၂၀၁၇)ရက်နေ့၊နံနက်(၉း၃၀)နာရီတွင်နေပြည်တော်ကောင်စီနယ်မြေ၊ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိတော်ဝင်ရတနာမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်နေပြည်တော်တိုင်းလူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးဦးထွန်းထွန်းနိုင်မှအဖွင့်အမှာစကာပြောကြားးပြီးတော်ဝင် မူလတန်းကြိုကျောင်း၊နှင့်ပရဟိတဂေဟာများမှကလေးငယ်များမှတေးသရုပ်ဖော်များဖြင့်ကပြဖျော်ဖြေခဲ့ပြီးတာဝန်ရှိသူများနှင့်မိဘပြည်သူများမှ ကလေးငယ်များအားဂုဏ်ပြုဆုများပြန်လည်ချီးမြှင့်ခဲ့ကြပါသည်။

FacebookTwitter