UEHRD၏လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးH.EDr.Mrs.Pascale Bareiswyl ဦးဆောင်သည့်အဖွဲ့ နှင့်Food and Agriculture Organization (FAO HQs)တို့မှတွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. Mrs. Pascale Bareiswyl ဦးဆောင်သည့်အဖွဲ့နှင့် Food and Agriculture Organization (FAO HQs)မှ Senior Technial Officer ဖြစ်သူ Mr. Neil Kelth Marsland ဦးဆောင်သောအဖွဲ့တို့က (၂၁.၁၁.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။

ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H. E. Dr. Mrs. Pascale Bareiswyl ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံရာတွင်ဆွစ်ဇာလန်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သံတမန်ဆက်ဆံရေးထူထောင်မှုနှစ်(၆၀)ရှိကာ (၂)နိုင်ငံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများ၊ ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နှင့်အခြားသောဒေသများတွင်လူသားချင်းစာနာကူညီမှုလုပ်ငန်း၊ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အတွက် နိုင်ငံတော်အားဆက်လက် အကူအညီပေးမည်ဖြစ်ပြီး UEHRD ၏ လုပ်ငန်းများအား ဆွေးနွေးမေးမြန်းပါသည်။

 ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ် ကိစ္စအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဗဟိုကော်မတီ တည်ထောင်ထားမှု၊ လုပ်ငန်းကော်မတီ(၄)ခုဖွဲ့စည်းထားပြီးဝန်ကြီးဌာနအနေဖြင့်ပြန်လည်နေရာချထားရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက ်ရေးလုပ်ငန်းကော်မတီအား ဦးဆောင်နေမှုများ၊ သြဂုတ် (၂၅)ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပြီး လူသားချင်းစာနာကူညီမှုလုပ်ငန်း များကို UEHRD တည်ထောင်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေမှုများ၊ လူသားချင်း စာနာကူညီမှု အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအား ပြည်သူများ၏ အင်အား၊ မိတ်ဆွေနိုင်ငံများ နှင့် အဖွဲ့အစည်းများ၏အင်အားဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများ၊ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement )၊ စေတနာ့ဝန်ထမ်းလူငယ်များ၏ အကူအညီဖြင်လူသားချင်းစာနာမှုအကူအညီများထောက်ပံ့နေမှုများ၊မြန်မာနိုင်ငံတွင်ပြန်လည်ဝင်ရောက်လိုသူများအား လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များရရှိရေး ညှိနှိုင်းနေမှုများ၊ ကျေးရွာများအား နိုင်ငံတကာစံနှုန်းများနှင့် အညီပြန်လည်တည်ဆောက်ပေးနေမှုများ၊ ပြန်လည်ထူထောင်ရေး အတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့်ဒေသဆိုင်ရာ အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက် နေမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်း အဖွဲ့(၉)ဖွဲ့တည်ထောင်ထားပြီး စီးပွားရေးလုပ်ငန်းရှင်များဖြင့် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့် ပဋိပက္ခဖြစ်ပွားစေသည့် အကြောင်း အရင်းများရှာဖွေပြီး ရေရှည်တည်တံ့နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ UEHRD အတွက် လမ်းပြမြေပုံ ရေးဆွဲနေမှုများကိုဆွေးနွေးပါသည်။    

ဆက်လက်၍ Food and Agriculture Organization(FAO HQs)မှ Senior Technial Officer ဖြစ်သူ Mr. Neil Kelth Marsland ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် FAO အနေဖြင့် နိုင်ငံတော်မှဆောင်ရွက်နေသော ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာကူညီမှု လုပ်ငန်း များ၊ အဆိုပါအဖွဲ့မှ ရခိုင်ပြည်နယ်၏ စားနပ်ရိက္ခာဖူလုံမှု၊ စိုက်ပျိုးရေးနှင့်ထိခိုက်လွယ်မှုများအားကွင်းဆင်း၍အချက်အလက်ကောက်ယူလေ့လာဆန်းစစ်နိုင်ရန်နှင့်တွေ့ရှိချက်များအား ပြန်လည် တင်ပြနိုင်ရန် ပြည်ထောင်စုဝန်ကြီး၏ အကြံဉာဏ်၊ လမ်းညွှန်ချက်များအား မေးမြန်းဆွေးနွေး ပါသည်။

          ပြည်ထောင်စုဝန်ကြီးမှ UEHRD တည်ထောင်၍ လူသားချင်းစာနာကူညီမှု အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ပြည်သူများ၏ အင်အား၊ မိတ်ဆွေနိုင်ငံများနှင့် အဖွဲ့အစည်းများ၏အင်အားဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများ၊ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement )၊ စေတနာ့ဝန်ထမ်း လူငယ်များ၏အကူအညီဖြင့် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့နေမှုများ၊ မြန်မာ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လိုသူ များအားလက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များရရှိရေး ညှိနှိုင်းနေမှုများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောက် ရွက်လျက်ရှိသောကိစ္စရပ်များ၊အဆိုပါဒေသရှိ နေရပ်စွန့်ခွာသူများ စိုက်ပျိုးထားသော စပါးခင်းများ အား FAO၏ ထောက်ပံ့ပေးမှုဖြင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ရိတ်သိမ်း၍ သိမ်းဆည်းပေးနေမှုများ၊ အိမ်မွေးနှင့်လယ်ယာသုံး တိရိစ္ဆာန်များအား စောင့်ရှောက်ထားရှိမှုများ၊ အဆိုပါဒေသရှိ ပြည်သူများအား ထောက်ပံ့မှုကိုမှီခိုသောလူ့အဖွဲ့အစည်းမျိုးမဖြစ်စေဘဲကိုယ်ပိုင်ရပ်တည်နိုင်အောင်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒုသမ္မတ(၂)ဦးဆောင်သော နိုင်ငံတော်အဆင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းနှင့်ချိတ်ဆက်၍ လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့နေမှုများ ဆွေးနွေးခဲ့ကြပါသည်။

(၂၀.၁၁.၂၀၁၇)ရက်နေ့ နေ့လည်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးအား အင်ဒိုနီးရှား နိုင်ငံ၊ အထက်လွှတ်တော် Regional Representative Council ဒုတိယဥက္ကဌဖြစ်သူ Lt. Gen (Han) Dr. Nono Sampono, M.Si ဦးဆောင်သောအဖွဲ့နှင့် United Nations Programme on HIV/AIDS (UNAIDS) မှ Country Director ဖြစ်သူ Mr. Oussama Tawil တို့က အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၊ အထက်လွှတ်တော်Regional Representative Council ဒုတိယဥက္ကဌ ဖြစ်သူ Lt. Gen (Han) Dr. Nono Sampono, M.Si ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်အင်ဒိုနီးရှားနှစ်နိုင်ငံ၏နှစ်ပေါင်း(၆၅)ကျော် သံတမန်ဆက်ဆံ ရေးရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တန်ဖိုးထားပါကြောင်း၊ မိတ်ဆွေနိုင်ငံအဖြစ် ရင်းနှီးသော ဆက်ဆံရေးဆက်လက်ထားရှိသွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအတွင်း တူညီသော စိန်ခေါ်မှုများ ရှိပါကြောင်း ပြောကြားပြီး မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မှုများကိုမေးမြန်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ အဓိကတာဝန်များဖြစ်သည့် ဘေးအန္တရာယ် ဆိုင်ရာလုပ်ငန်းများနှင့် လူမှုရေးရာလုပ်ငန်းများ၊ ရခိုင်ပြည်နယ်ကိစ္စတွက်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဗဟိုကော်မတီတည်ထောင်ထားမှု၊ လုပ်ငန်းကော်မတီ(၄)ခု ဖွဲ့စည်းထားပြီး ဝန်ကြီးဌာန အနေဖြင့် ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအား ဦးဆောင်နေမှုများ၊ သြဂုတ်(၂၅)ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပြီး UEHRD တည်ထောင်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာကူညီမှု အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ပြည်သူများ၏ အင်အား၊မိတ်ဆွေနိုင်ငံများနှင့် အဖွဲ့အစည်းများ၏အင်အားဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နေမှုများ၊ ကြက်ခြေနီလှုပ်ရှားမှု  (Red Cross Movement)၊ စေတနာ့ဝန်ထမ်းလူငယ်များ၏ အကူအညီဖြင့် လူသားချင်းစာနာ အကူအညီများ ထောက်ပံ့နေမှုများ၊ ပြန်လည်ထူထောင်ရေး အတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့်ဒေသ ဆိုင်ရာ အစိုးရအဖွဲ့တို့ ပူးပေါင်း၍ဆောင်ရွက် နေမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ဖွဲ့တည်ထောင်ထားပြီး စီးပွားရေးလုပ်ငန်းရှင်များဖြင့် ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့်ပဋိပက္ခဖြစ်ပွားစေသည့်အကြောင်းအရင်း များ ရှာဖွေပြီးရေရှည်တည်တံ့နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင်ကြိုးပမ်းဆောင်ရွက် နေမှုများ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များ တူညီမှုရှိပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက် နိုင်မည့် ကဏ္ဍများအား ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ United Nations Programme on HIV/AIDS (UNAIDS) မှ Country Director ဖြစ်သူ Mr. Oussama Tawil နှင့်တွေ့ဆုံရာတွင် UNAIDS အနေဖြင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါ HIV/AIDSနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုများပပျောက်ရေး၊ စိတ်ဒဏ်ရာရရှိမှုများကုစားနိုင်ရေးနှင့် HIV/AIDS ရောဂါ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် တစ်ခုဖြစ်သည့် ကျား၊ မ တန်းတူညီမျှမှုရှိရေးနှင့် ဆက်နွယ်သည့်အတွက် ထိခိုက်လွယ်သော အမျိုးသမီးနှင့်အမျိုးသမီးငယ်များ၊ အမျိုးသားလိင်လုပ်သားများ အကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်လိုကြောင်း၊ နိုင်ငံတော်အစိုးရနှင့်ဆက်လက် လက်တွဲဆောင်ရွက်မည့် ကိစ္စရပ် များအားဆွေးနွေးရန် ဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များအား ထိရောက်စွာအကောင်အထည်ဖေါ်နေမှုများ၊ ကျား၊မ တန်းတူညီတူရှိရေးသည် အရေးပါသည့် အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည့်တန်ဆာဆိုင်ရာဥပဒေ မူကြမ်းရေးဆွဲနေမှုများ ၊ လူမှုရေး ပင်စင်နှင့်ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငွေကြေးထောက်ပံ့ရေးလုပ်ငန်းများ၊ ကျား၊မအခြေပြု အကြမ်းဖက်မှုပပျောက်ရေးဆောင်နေမှုများ၊ ဘေးဒဏ်ခံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အမျိုးသမီးနှင့် ကလေးငယ်များကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အခြေအနေ များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter