လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းဆိုင်ရာပြခန်းပြသမှုညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ၂၇

               ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌ မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးလုပ်ငန်းဆိုင်ရာပြခန်းခင်းကျင်းပြသမှုနှင့်ပတ်သက်၍ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် (၂၅.၁၁.၂၀၁၇)ရက်နေ့၊ နေ့လည်(၂း၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ မွေးကင်းစကလေးငယ် များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍၂၀၁၇ခုနှစ်၊သြဂုတ်လအတွင်း နေပြည်တော်၌ နည်းပြသင်တန်းကို (၃)ရက်ကြာအောင် ဖွင့်လှစ်ခဲ့ပြီးအဆိုပါသင်တန်းနှင့်ပတ်သက်ပြီးဟောပြောပွဲများကိုကချင်ပြည်နယ်နှင့်မကွေးတိုင်းဒေသကြီးတို့တွင်ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ယခုအခါရန်ကုန်တက္ကသိုလ်တွင်ကျင်းပမည့်လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင်မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှုလျော့ချမှုနှင့်ပတ်သက် ၍ဟောပြောပွဲ၊ပြပွဲနှင့်ဉာဏ်စမ်းမေးခွန်းများမေးမြန်း/ဖြေဆိုနိုင်ရေးအတွက်တက်ရောက်လာသူများမှဆွေးနွေးခဲ့ကြပါ သည်။

               အစည်းအ‌ဝေးတွင်မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်း ဆိုင်ရာပြခန်းများ၊ ပြဇာတ်များအပြင်Role Playများ တက်ဆက်နိုင်ရေးနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်အဖွဲ့များအား ပြခန်းကျင်းပရေး ဆပ်ကော်မတီ နှင့် ဟောပြောပွဲ ကျင်းပရေးဆပ်ကော်မတီ(၂)ဖွဲ့ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို အသေးစိတ် ဆွေးနွေးခဲ့ပါသည်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင်မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးလုပ်ငန်းဆိုင်ရာ အဖွဲ့ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကိုညနေ(၃း၃၀)နာရီတွင် ရုတ်သိမ်း ခဲ့ပါသည်။

              

 

FacebookTwitter