(၂၈)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၇

          ပဲခူးတိုင်းဒေသကြီး (၂၈)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို (၂၀.၁၁.၂၀၁၇)ရက်နေ့၊နံနက်(၁၀:၀၀)နာရီချိန်တွင်ပဲခူးမြို့၊မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာပဲခူးတိုင်းဒေသကြီးလွတ်တော်ဥက္ကဌ၊ဒုဥက္ကဌနှင့် ပဲခူးတိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်ပဲခူးတိုင်းဒေသကြီးလွတ်တော်ဥက္ကဌမှအဖွင့်အမှာစကားပြောကြားပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတိုင်းဒေသကြီး  ဦးစီးမှူး၊မှကလေးသူငယ်အခွင့်အရေးများအကြောင်းရှင်းလင်းပြောကြားခြင်း၊မူလတန်းကြိုကျောင်းများရှိကလေးငယ်များမှသီဆိုကပြဖျော်ဖြေခြင်း များပြု လုပ်ခဲ့ပြီးအခမ်းအနားတွင်အင်အား(၄၄၀)ဦး တက်ရောက်ခဲ့ပါသည်။

FacebookTwitter