မြန်မာနိုင်ငံအထူးဂရုပြုစောင့်ရှောက်ရန်လိုအပ်သောကလေးများအားပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးမည့်ဆရာ များအားမွေးထုတ်ပေးသညအခြေခံဆရာဖြစ်သင်တန်းဖွင့်လှစ်ခြင်း

ရှမ်းပြည်နယ်၊တောင်ကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၇         

လူမှုဝန်ထမ်းဦးစီးဌာနနှင့်University of Wolverhmpton (UK) with Love All Things Are Possible Charity(UK)နှင့်မြန်မာနိုင်ငံ  အထူးပညာရေးအသင်းတို့မှပူးပေါင်းစီစဉ်ကျင်းပသောမြန်မာနိုင်ငံအထူးဂရုပြုစောင့်ရှောက်ရန်လိုအပ်သောကလေးများအားပြုစုပျိုးထောင်လေ့ ကျင့် သင်ကြားပေးမည့်ဆရာများအားမွေးထုတ်ပေးသည့်အခြေခံဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားအား(၂၇.၁၁.၂၀၁၇)ရက်နေ့၌တောင်ကြီးမြို့၊ ကချင်နှစ်ခြင်းဘုရားကျောင်း၊အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာတာဝန်ရှိသူများနှင့်သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။အဆိုပါ သင်တန်းအား(၂၇.၁၁.၂၀၁၇)ရက်နေ့မှ(၃၀.၁၁.၂၀၁၇)ရက်နေ့အထိ(၄)ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီးတက်ရောက်အင်အား(၇၂)ဦးရှိပါသည်။

 

FacebookTwitter